နယ်သာလန် တွင် ကရိန်းကား ၂ စီး အိမ်များပေါ် လဲကျ (ရုပ်သံ)

နယ်သာလန်နိုင်ငံ မြောက်ပိုင်းမြို့မှာ ကရိန်းကား ၂ စီးက အိမ်တွေအပေါ်ကို လဲကျခဲ့တဲ့ အတွက် လူ ၂၀ ဒဏ်ရာရရှိသွားပါတယ်။ သြဂုတ် ၃ ရက်က အော်ဖင်အန်ဒါရိုင်းမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကို လူတဦးက ရုပ်သံ မှတ်တမ်းတင်ထားနိုင်ပါတယ်။ ကြီးမားတဲ့ ရိုင်းမြစ်ပေါ်က တံတားအစိတ်အပိုင်းကို ပျက်စီးနေတဲ့ အိမ်တွေ ယာဉ်တွေအပေါ်ကနေ ကရိန်းက မတင် သယ်ယူနေတာကို ရိုက်ယူထားပါတယ်။ တံတားအလယ်က ကြီးမားတဲ့ သံမဏိ အစိတ်အပိုင်းတခုကို ကရိန်းက မတင်ပြီး တပ်ဆင်ရာမှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ရိုင်းမြစ်ပေါ်က တံတားရဲ့ အပေါ်ပိုင်း သံမဏိကိုယ်ထည်တွေက အားနည်းလာတာကို တွေ့ရှိခဲ့တဲ့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တံတားကို နွေရာသီတခုလုံး ပြန်လည် ပြုပြင်မွမ်းမံရမှာ ဖြစ်ပြီး နွေဦးမှာ စတင်မွမ်းမံခဲ့တာ ဖြစ်ပါတယ်။

More News
Up