A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်ကလပ်များ အပြောင်းအရွှေ့စရိတ် ပေါင်သန်း ၅၀၀ ကျော်လွန်

စတာလင်း။ (ဓာတ်ပုံ - ရိုက်တာ)
အပြောင်းအရွှေ့ကာလ ပြီးဆုံးဖို့ ၁ လလောက် လိုသေးတဲ့ အချိန်မှာတောင် ပရီးမီးယားလိဂ် ကစားသမား အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင်သန်း ၅၀၀ ကျော်လွန်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပေါင် ၃၃၅ သန်းသာရှိခဲ့ပေမယ့် အခုနှစ်ကတော့ စံချိန်တင် မြင့်လာနေတာပါ။ ပရီးမီးယား ကလပ်တွေရဲ့ ၂၀၁၄-၁၅ ရာသီ နွေရာသီ အပြောင်းအရွှေ့နဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့တို့မှာ ပေါင် ၉၆၅ သန်းရှိခဲ့ပြီး ၂၀၁၅-၁၆ ရာသီမှာတော့ အဲဒီစံချိန်ထက် ကျော်လွန်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးက စတာလင်း မန်စီးတီးကို ပေါင် ၄၄ သန်းနဲ့ ပြောင်းရွှေ့တာကတော့ ဈေးနှုန်းအမြင့်ဆုံး ဖြစ်နေပါတယ်။ ရုပ်သံထုတ်လွှင့်မှုကရတဲ့ ၀င်ငွေပိုရရှိလာတာကြောင့်လည်း ကလပ်အသင်းတွေ  ငွေပိုသုံးလာနိုင်ပါတယ်။ လာမယ့် ၃ ရာသီအတွင်း ဇယားအောက်ဆုံးရောက် အသင်းဟာ တရာသီကို ပေါင် ၉၉ သန်း၊ ဗိုလ်စွဲတဲ့ အသင်းက ပေါင်သန်း ၁၅၀ အထိ ရရှိကြမှာပါ။

A d v e r t i s e m e n t With Us

More News
Up