ကွန်မြူနတီဒိုင်း ဒုတိယဆုတံဆိပ် မော်ရင်ဟို လွှင့်ပစ်

ဓာတ်ပုံ - ပီအေ
ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အာဆင်နယ်ကို ရှုံးပြီးနောက် ရရှိခဲ့တဲ့ ဒုတိယဆုတံဆိပ်ကို ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ပွဲကြည့်စင်ဘက်ကို လွှင့်ပစ်ခဲ့ပြီး အဲဒီ ဆုတံဆိပ်ကို အာဆင်နယ် ပရိသတ် ကလေးငယ်တဦးက ရရှိသွားပါတယ်။ အာဆင်နယ်နဲ့ နောက်ဆုံး ၁၄ ကြိမ်တွေ့ဆုံခဲ့ရာမှာ ပထမဆုံးအရှုံး ဖြစ်ခဲ့တဲ့အတွက် သူ့အနေနဲ့ ဒုတိယဆုတံဆိပ်ကို သိမ်းဆည်းမထားလိုတာကြောင့် အာဆင်နယ်ပရိသတ်တွေ ရှိရာဘက်ကို ပစ်ခဲ့တာလို့ မော်ရင်ဟိုက ပြောပါတယ်။ မော်ရင်ဟိုဟာ ပွဲအပြီး နည်းပြချင်း လက်ဆွဲနှုတ်ဆက်တာလည်း မပြုလုပ်ပါဘူး။ အဲဒီပွဲမှာ အာဆင်နယ်အသင်းက ချိန်ဘာလိန်သွင်းတဲ့ ပထမပိုင်းဂိုးနဲ့ပဲ ချယ်ဆီးကို အနိုင် ရရှိသွားပါတယ်။

More News
Up