မန်ယူရောက် ရှဝိုင်းစတိုင်ဂါ ကြံ့ခိုင်မှုမပြည့်ဟု ဘိုင်ယန်နည်းပြပြော

မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါဟာ  ကြံ့ခိုင်မှု မပြည့်ဝနေတာ  ၂ နှစ် လောက်ရှိနေပြီလို့ အသင်းဟောင်း ဘိုင်းယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက သတိပေး ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှဝိုင်းစတိုင်ဂါဟာ ပေါင် ၁၂ သန်းနဲ့ အခုနှစ်နွေရာသီမှာ မန်ယူကို ပြောင်းရွေ့သွားတာဖြစ်ပြီး သူဟာ ကစားသမားဘ၀ သက်တမ်းတလျှောက်လုံး ဘိုင်ယန် အသင်းမှာသာ ကစားခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ နှစ်က စပြီး ဒဏ်ရာရခဲ့တဲ့ ပြဿ  နာတွေ ဖြစ်ခဲ့ပြီး ပြီးခဲ့နှစ်ကဆိုရင်   ဘိုင်ယန်အတွက် ဘွန်ဒစ်လီဂါမှာ ၁၅ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့တာပါ။ ဘိုင်ယန်နည်းပြ ဂွါဒီယိုလာကတော့ သူဟာ ဒဏ်ရာမရှိရင် ကောင်းကောင်းကစားနိုင်မယ့် ထိပ်တန်းကစားသမားတဦးဖြစ်ပြီး သူ့ရဲ့ ဒဏ်ရာအခြေအနေကတော့ စိုးရိမ်စရာဖြစ်ပြီး ရာနှုန်းပြည်မကြံ့ခိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ  ဂျာမနီအသင်းနဲ့အတူ အောင်မြင်မှုရရှိခဲ့တဲ့ ရှဝိုင်းစတိုင်ဂါဟာ   ချန်ပီယံလိဂ် ၁၂ ပွဲ မှာ  ၆ ပွဲတိတိ လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။

More News
Up