မြန်မာ ရေဘေးအတွက် စင်ကာပူကြက်ခြေနီ ကန်ဒေါ်လာ ၁ သိန်း ထည့်ဝင်ကူညီ
DVB
·
August 5, 2015
ရေဘေးဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးအကူငွေ အမေရိကန် ဒေါ်လာ ၁ သိန်း ပေးအပ်မယ်လို့ သြဂုတ် ၄ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
စင်ကာပူ ကြက်ခြေနီအဖွဲ့ဟာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ရေသန်နဲ့ ခြုံစောင်တွေ အပါအ၀င် ကယ်ဆယ်ရေး ပစ္စည်းတွေဖြန့်ဝေပေးဖို့ ခုသီတင်းပတ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံကို ရောက်လာ မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စင်ကာပူ ကြက်ခြေနီအသင်း အတွင်းရေးမှူးချုပ်နဲ့ စီအီးအို ဘန်ဂျမင် ၀ီလီယမ်ကတော့ လာမယ့်ရက် အနည်းငယ်အတွင်း မိုးကြီးရေကြီးမှုတွေ ဆက်ဖြစ်နိုင်တယ်ပြီး အခြေအနေပိုဆိုး လာနိုင်တယ်လို့ ခန့်မှန်းထားပြီး မြန်မာကြက်ခြေနီ နဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့တွေ ဆက်သွယ်ပြီး ရေဘေးသင့်ဒေသတွေရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ စင်ကာပူအခြေစိုက် စီအန်အေ သတင်းမှာ ပြောပါတယ်။