အီရန် နျူကလီးယား သဘောတူညီချက် ပင်လယ်ကွေ့နိုင်ငံများ ထောက်ခံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (ဓာတ်ပုံ - ရိုက်တာ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ မဟာမိတ် ပင်လယ်ကွေ့ နိုင်ငံခြားရေးဝန်ကြီးတွေ သြဂုတ် ၃ ရက်နေ့က ကာတာနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး အီရန်နဲ့ အနောက်နိုင်ငံတွေရဲ့ နျူကလီးယား သဘောတူညီချက်ကို ထောက်ခံတယ်လို့ ပြောဆိုကြပါတယ်။ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကို လုံခြုံရေး၊ ထောက်လှမ်းရေး အချက်အလက်တွေ မျှဝေဖို့နဲ့ စစ်လက်နက်တွေ လိုအပ်ရင် အမြန်ထောက်ပံ့မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ကတိပေးခဲ့အပြီး အခုလို ထောက်ခံပြောဆိုခဲ့ကြတာပါ။ ရှီးယား အီရန်နိုင်ငံက ဆီးရီးယား၊ အီရတ်နဲ့ ယီမင်နိုင်ငံ အရေးတွေကို ၀င်မွှေနေတယ်လို့ ပင်လယ်ကွေ့ ဆွန်နီနိုင်ငံတွေက စွပ်စွဲကြတာပါ။ အီရန်နိုင်ငံက နျူကလီးယား သဘောတူညီမှု ရပြီးနောက်ပိုင်း စီးပွားရေး တိုးတက်လာပြီး အရှေ့အလယ်ပိုင်း အရေးတွေမှာ ပိုပြီး စွတ်ဖက်လာနိုင်တာကိုလည်း ဆွန်နီအများစု ပင်လယ်ကွေ့နိုင်ငံတွေက စိုးရိမ်ကြတာပါ။ အမေရိကန်နိုင်ငံကတော့ အီရန်ကို နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ဟန့်တားနိုင်ခဲ့ပြီး အရှေ့အလယ်ပိုင်း ပိုလုံခြုံလာတယ်လို့ ပြောဆိုပါတယ်။ အမေရိကန်နဲ့ ပင်လယ်ကွေ့အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ၊ ယူအေအီး၊ ကူဝိတ်၊ အိုမန်၊ ဘာရိန်းနဲ့ ကာတာနိုင်ငံတို့ရဲ့ မဟာမိတ်ဆက်ဆံရေးဟာ ဒေသတွင်း လုံခြုံရေးအတွက် မရှိမဖြစ် အရေးကြီးတယ်လို့လည်း ဂျွန်ကယ်ရီက ပြောပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေကို ဒုံးကျည်တွေ အပါအ၀င် စစ်လက်နက်တွေ မြန်မြန်ဆန်ဆန်ပေးပို့ဖို့နဲ့ အိုင်အက်စ်အကြမ်းဖက် စစ်ဆင်ရေးမှာ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်သွားဖို့ကိုလည်း ဂျွန်ကယ်ရီက သတိပေးခဲ့ပါတယ်။

More News
Up