Home
သတင်းဓာတ်ပုံ
တာချီလိတ်တွင် စတင်ရေကြီး
DVB
·
August 4, 2015
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ မိုး အဆက်မပြတ်ရွာသွန်းနေတာကြောင့် ပုန်းထွန်ရပ်ကွက် တာလော့ရပ်ကွက် မကာဟိုခမ်းရပ်ကွက် မဲခေါင်ရပ်ကွက် ပါလျှံရပ်ကွက် ရပ်ကွက်(၅)ခုလောက် ရေကြီးရေလျှံမှု ဖြစ်နေတယ်လို့ တာချီလိတ်မြို့ခံတွေက ပြောပါတယ်။ "မိုးအဆက်မပြတ်ရွာနေတာရယ် မဲဆိုင်ချောင်း တောင်ကျရေတွေကလည်း လျှံပြီးအခုလို ရေကြီးမှုဖြစ်ခဲ့တာ"လို့ တာချီလိတ်အထူးအရာရှိတစ်ဦးက ပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒါဟာပထမဆုံးအကြိမ် ရေကြီးမှုဖြစ်ပြီး ရုတ်တရက် ရေကြီးမှု မဟုတ်ဘဲ ဖြေးဖြေးရှင်းရှင်း ရေကျလာတာကြောင့် အဖျက်အဆီးနဲ့ဆုံးရှုံးမှုနည်းတယ်လို့လည်း သိရပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း မကြာခဏတာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီး အပျက်အဆီး ဆုံးရှုံးမှုမြောက်များစွာ ရှိခဲ့ဘူးပါတယ်။ သတင်း - ကောင်းခန့်လင်း၊ ဓာတ်ပုံ-နေယွန်းနဒီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024