A d v e r t i s e m e n t With Us

တရုတ်တွင် မွေးကင်းစကလေးကို အများသုံးအိမ်သာထဲ စွန့်ပစ်

ဓာတ်ပုံ - huffingtonpost
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က အများသုံးအိမ်သာထဲမှာ စွန့်ပစ်ခဲ့တဲ့ မွေးကင်းစကလေးငယ်ကို သြဂုတ် ၂ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ် သတင်းစာမှာ ဖော်ပြပါတယ်။ အများသုံးအိမ်သာ မိလ္လာခွက်ထဲမှာ စွန့်ပစ်ခံရတဲ့ ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး သူ့ရဲ့ငိုသံကို ကြားရတဲ့သူတွေက ရဲကိုခေါ်ပြီး အကြောင်းကြားခဲ့တာပါ။ ရဲအရာရှိ ကျန်ဖန်းက “ကလေးရဲ့ခေါင်းက မိလ္လာခွက်ထဲမှာ  စိုက်လျက်သားဖြစ်နေတာ။ ကျနော်က ခြေထောက်ကိုပဲ ခပ်ဝါးဝါး လှမ်းမြင်ခဲ့ရတာ” လို့ ဆိုပါတယ်။ ကလေးငယ်ကို ဘေဂျင်းဆေးရုံ ပို့ထားပြီး ဒဏ်ရာအနာတရ မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှာ နှစ်စဉ် မလိုချင်တဲ့ကလေး စွန့်ပစ်မှုဟာ ခန့်မှန်းခြေ ၁ သောင်းလောက် ရှိတယ်လို့ ၂၀၁၄ ခုနှစ်မှာ ရိုက်တာက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်ဟိုင်းမြို့က အများသုံးအိမ်သာထဲမှာ မွေးကင်းစ မိန်းကလေးကို ပစ်ထားခဲ့တဲ့အမှု ရှိခဲ့တယ်လို့ သတင်းကဆိုပါတယ်။ လက်ရှိမှာတော့ ရဲတွေဟာ ကလေးမိခင်ဖြစ်သူကို အပူတပြင်း လိုက်ရှာဖွေနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up