သြဂုတ် ၄ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး

သြဂုတ် ၄ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၂၃၄ ကျပ်၊ ၁ ယူရိုငွေကို ၁၃၄၉ ဒသမ ၅ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၁၉ ဒသမ ၀၇ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၈၉၃ ဒသမ ၉၄ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၅ ဒသမ ၁၄ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။ (ကိုးကား - မြန်မာနိုင်ငံတော်ဗဟိုဘဏ်) ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၇၁၅၅၀၀  ဖြစ်ပြီး ရောင်းဈေးက ၄၅၀၀ ကျပ် ပိုပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို  ၁၀၈၄.၂ ဒေါ်လာ ဈေးပေါက်ပါတယ်။

More News
Up