Home
နိုင်ငံရေး
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တိုင်ကြား ခံထားရသည့် ဒေါက်တာ မြတ်ဥာဏစိုး အနိုင်ရ
DVB
·
June 15, 2011
ရွေး​ကောက်ပွဲရလဒ် အငြင်း​ပွား​မှု​တွေနဲ့​ပတ်သက်ပြီး​ ​နေပြည်​တော် ပြည်​ထောင်စု​ရွေး​ ​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်မှာ တိုင်ကြား​ခံထား​ရတဲ့​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာမြတ်ဥာဏစိုး​ရဲ့​ အမှုကို တရား​ရုံး​က အနိုင်​ပေး​လိုက်ပြီလို့​ သိရပါတယ်။ ဒီလ (၁ဝ) ရက်​နေ့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်တရား​ရုံး​က တရား​လို ကြံ့​ခိုင်​ရေး​ပါတီက ကိုယ်စား​လှယ်​လောင်း​ စာ​ရေး​ဆရာ တက္ကသိုလ်မြတ် သူ (​ခေါ်) ဦး​ကျော်ဇင်ညွန့်​ရဲ့​ ကန့်​ကွက်မှုကိုပယ်ချပြီး​ ​ဒေါက်တာမြတ်ဥာဏစိုး​ကို အနိုင်​ပေး​လိုက်တယ်လို့​ ဒီအမှုကို လိုက်ပါ​ဆောင်ရွက်​ပေး​နေတဲ့​ ​ရှေ့​နေ ဦး​မြင့်​သွင် က ​ပြောပါတယ်။ “၁ဝ ရက်​နေ့​ မနက် ဆယ်နာရီခွဲ​လောက်က အမိန်ချတာခင်ဗျ။ ကြံ့​ခိုင်ဖွံ့​ဖြိုး​ ​ရေး​က ဆရာမြတ်သူရဲ့​ ကန့်​ကွက်လွှာကို ပယ်တဲ့​အမိန့်​ချပါတယ်။ ​ဒေါက်တာမြတ် ဥာဏစိုး​ကို အနိုင်​ပေး​ပါတယ်။ ​ဒေါက်တာမြတ်ဥာဏစိုး​ရဲ့​ တရား​စရိတ်​တွေနဲ့​ ပတ် သက်လို့​ ဦး​မြတ်သူဘက်က​နေ ၅ သိန်း​ ​ပေး​လျော်ရမယ်လို့​ အမိန့်​ချတယ်။ ဒါ​ပေမယ့်​ ​ဒေါက်တာမြတ်ဥာဏစိုး​က ဆရာမြတ်သူစီက​နေ တရား​စရိတ်​တွေကို မသွင်း​ပါ နဲ့​ သူမယူ​တော့​ပါဘူး​ဆိုပြီး​တော့​ ​ကော်မရှင်ခုံအဖွဲ့​ကို စာပြန်တင်ပါတယ်။ ” ကြံ့​ခိုင်ပါတီဝင် ကိုယ်စား​လှယ်​တွေ တိုင်ကြား​ထား​တဲ့​အမှု​တွေထဲက ဒီမိုက ရက်တစ်ပါတီ (မြန်မာ) ရဲ့​ မန္တ​လေး​တိုင်း​ဒေသကြီး​ လွှတ်​တော်ကိုယ်စား​လှယ်ရဲ့​ အမှုကိုလည်း​ ​ကော်မရှင်က ဒီလ (၁၇) ရက်​နေ့​မှာ စီရင်ချက်ချမှတ်ဖို့​ရှိ​နေပြီး​ ဒီအမှုရဲ့​ အမှုသွား​အမှုလာ အ​ခြေအ​နေကိုလည်း​ ဦး​မြင့်​သွင်က အခုလို ​ပြောပါတယ်။ “ဦး​မြဝင်း​က​နေပြီး​တော့​ မန္တ​လေး​တိုင်း​ဒေသကြီး​လွှတ်​တော်က ​ဒေါ်တင် တင်မာကို ကန့်​ကွက်တဲ့​အမှုက ၁၇ ရက်​နေ့​မှ အမိန့်​ချမှာ။ ဥပ​ဒေအရ​တော့​ ​ကောင်း​တယ်လို့​ပြောရမှာပါ။ တဖက်က ကန့်​ကွက်တာက ကျ​နော်တို့​ ​ရွေး​ကောက် ပွဲ ဥပ​ဒေအခန်း​ ၁၄၊​ ပုဒ်မ ၆၆ မှာရှိတဲ့​ တရား​မဲ့​ ပြုကျင့်​မှု​တွေကိုလည်း​ မငြိစွန်း​ပါဘူး​။ ပုဒ်မ ၇၃ တို့​။ ၇၁ တို့​အရလည်း​ ဒီတရား​မဲ့​ပြုကျင့်​မှုကို မငြိစွန်း​တဲ့​အတွက် ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​က ဦး​မြဝင်း​ ကန့်​ကွက်တာကိုလည်း​ ပယ်မယ်လို့​တော့​ ယူဆပါတယ်။” ရွေး​ကောက်ပွဲကာလအတွင်း​က အဓမ္မပြုကျင့်​မှုအပါအဝင် အစိုး​ရနဲ့​ ကြံ့​ခိုင် ​ရေး​ပါတီကို ပုတ်ခတ် မဲဆွဲစည်း​ရုံး​ခဲ့​တယ်လို့​ စွပ်စွဲခံထား​ရတဲ့​ ရခိုင်တိုင်း​ရင်း​သား​ များ​ တိုး​တက်​ရေး​ပါတီက လွှတ်​တော်ကိုယ်စား​လှယ် (၉) ဦး​ရဲ့​ အမှု​တွေကိုလည်း​ ကြား​နေပြီး​ ​ကော်မရှင်က မဲ​တွေကို ပြန်ပြီး​ရေတွက်မှု​တွေ ပြုလုပ်​နေပါတယ်။ ရွေး​ကောက်ပွဲရလဒ်​တွေနဲ့​ပတ်သက်ပြီး​ ကြံ့​ခိုင်​ရေး​ပါတီနဲ့​ အခြား​နိုင်ငံ​ရေး​ ပါတီ​တွေက လွှတ်​တော်ကိုယ်စား​လှယ် အပြန်အလှန်တိုင်ကြား​ထား​တဲ့​ ၂၉ မှုရှိပြီး​ အဲ့​ဒီထဲက အမှု ၂ဝ ​ကျော်က ကြံ့​ခိုင်​ရေး​ပါတီက တိုင်ကြား​ထား​တာ ဖြစ်ပါတယ်။ လက်ရှိအ​ခြေအ​နေမှာ​တော့​ ဒီအမှု​တွေထဲက ၆ မှုကို ​ကော်မရှင်က ဆုံး​ ဖြတ်ချက်ထား​ပြီး​ တိုင်ကြား​ခံရထား​တဲ့​ ဒီမိုကရက်တစ်အင်အား​စုပါတီ​တွေက ကိုယ်စား​လှယ် အနိုင်ရရှိထား​ပါတယ်။ ဒါ​ပေမယ့်​ ​ဒေသဆိုင်ရာ အုပ်ချုပ်​ရေး​ရုံး​တွေနဲ့​ ရဲစခန်း​တွေမှာ ပြစ်မှုဆိုင်ရာ ဥပ​ဒေ​တွေနဲ့​ တိုင်ကြား​ထား​တဲ့​ ​ရွေး​ကောက်ပွဲကာလအတွင်း​က မဲမသမာမှု​တွေနဲ့​ ပတ်သက်လို့​က​တော့​ (၇) လ​ကျော် ကြာမြင့်​တဲ့​ အချိန်အထိ တစုံတရာကိုင်တွယ် ​ဆောင်ရွက်တာမျိုး​ မရှိ​သေး​ပါဘူး​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024