ဘေးလ်နှင့် ဘန်ဇီမာ ရီးရဲလ်တွင် ဆက်ရှိမည်ဟု နည်းပြပြော

တိုက်စစ်မှူးတွေဖြစ်တဲ့ ဂါရတ် ဘေးလ်နဲ့ ဘန်ဇီမာတို့အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်ပြီး ရှိနေလိမ့်မယ်လို့ နည်းပြ ဘင်နီတက်ဇ်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ တိုက်စစ်မှူး ဘေးလ်က မန်ယူ၊ ဘန်ဇီမာက အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကတော့ အပြောင်းအရွှေ့အတွက် စကားပြောဆိုတာတွေ မရှိဘူးလို့ ဆိုထားပါတယ်။ မန်ယူ ကွင်းလယ်ကစားသမား ဒီမာရီယာ အသင်းပြောင်းဖို့ နီးစပ်နေတဲ့အတွက် တိုက်စစ်မှူး ဘေးလ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့လည်း မေးခွန်းတွေ ထွက်ပေါ်နေတာပါ။ ရီးရဲလ်နည်းပြ ဘန်နီတက်ဇ်ကတော့ ဘေးလ်က အားကိုးရတဲ့ ကစားသမားဖြစ်ပြီး အသင်းမှာ ပျော်နေပါတယ်လို့ ပြောပါတယ်။

More News
Up