သူပုန်ထိန်းချုပ်ရာ နယ်မြေအတွင်း ဆီးရီးယားတိုက်လေယာဉ် ပျက်ကျ (ရုပ်သံ)

1.8K
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမြို့တမြို့ဖြစ်တဲ့ သူပုန်ထိန်းချုပ်ရာ အဲရ်ဟာမြို့ ဈေးအနီးမှာ သြဂုတ်လ ၃ ရက်နေ့က အစိုးရ တိုက်လေယာဉ်တစင်း ပျက်ကျခဲ့ပါတယ်။ စစ်လေယာဉ် ပျက်ကျတာကြောင့် အနည်းဆုံး လူ ၂၇ ဦးသေဆုံးပြီး လူပေါင်း ဒါဇင်နဲ့ချီထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ မြို့ခံတွေက ပြောပါတယ်။
ဆီးရီးယားနယ်စပ်တလျှောက် အကြမ်းဖက်မှုဆိုင်ရာ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်နေတဲ့ ဗြိတိန်အခြေစိုက်အဖွဲ့ရဲ့အဆိုအရ သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီဈေးထဲကို လူတွေဟာ ပိုက်ဆံရှာဖို့လာခဲ့ကြတယ်။ ဖြစ်တာကမြန်လွန်းတော့ ခုလေးတင်ပဲ ဆိုင်ရှေ့ မှာရပ်နေခဲ့ကြတဲ့သူတွေဟာ ခုပဲအပျက်အစီးတွေကြားမှာ အသက်ဆုံးရှုံးကုန်ကြပြီ”လို့ အပျက်အစီး တွေကြားမှာရပ်နေတဲ့ လူတဦးကပြောပါတယ်။
ဆီးရီးယားနယ်စပ်တလျှောက် အကြမ်းဖက်မှုဆိုင်ရာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်နေတဲ့ ဗြိတိန် အခြေစိုက်အဖွဲ့ကတော့ ဒီတိုက်လေယာဉ်ဟာ ပစ်ချခံရတာမဟုတ်ဘူးလို့ ဆိုပါတယ်။