Home
မြန်မာသတင်း
ရေဘေးကူညီဆန်အိတ်တသိန်းကို အမြတ်မယူဘဲ ရောင်းမည်
အေးနိုင်
·
August 4, 2015
နိုင်ငံတ၀န်း ရေဘေးသင့်ပြည်သူလူထုကို ဆန်လှူဒါန်းလိုသူများအတွက် အမြတ်အစွန်းမယူဘဲ ဆန်အိတ်ပေါင်းတသိန်းတိတိကို ရောင်းချပေးမယ်လို့ ရွှေဝါရောင်စိုက်ပျိုးထုတ်လုပ်မှုကုမ္ပဏီက ကြေညာပါတယ်။ ဆန်ဈေးမကြီးစေဖို့နဲ့ ဆန်လှူဒါန်းလိုတဲ့အလှူရှင်တွေ၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသတွေမှာ အလွယ်တကူအဆင်ပြေပြေလှူနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။ ကုမ္ပဏီရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဦးလူမော်မြင့်မောင်က သူတို့ကုမ္ပဏီက ပြည်ပတင်ပို့ဖို လှောင်ထားတဲ့ဆန်တွေထဲက အိတ်တသိန်းတိတိကို ရောင်းပေးတာဖြစ်ပါတယ်လို့ ပြောပါတယ်။ “ကျနော်တို့ တတင်းခွဲအိတ်တအိတ်ကို ကျပ် တသောင်း ခုနှစ်ထောင်နဲ့ရောင်းပေးနေပါတယ်။ လှူမယ့်သူတွေ စိတ်ချမ်းသာအောင် လှူနိုင်အောင်ပါ။ ဆန်ဝယ်ရတာအဆင်မပြေတာတွေ ခက်ခဲတာတွေ ဖြစ်မှာစိုးလို့ စီစဉ်ဆောင်ရွက်ပေးတာပါ။ ကျနော်တို့က အလှူဆိုရင် အကုန်လုံးရောင်းပေးမှာပါ”လို့ ပြောပါတယ်။ တတင်းခွဲတအိတ်ကို ကျပ်တသောင်းခုနှစ်ထောင်နဲ့ ရောင်းချပေးတဲ့ဆန်ဟာ အကျိုးအမြတ် ယူမယ်ဆိုရင် ဈေးကွက်ပေါက်ဈေး တသောင်းကိုးထောင်၊ နှစ်သောင်း လောက်ဈေးပေါက်မှာ ပါလို့သူက ပြောပါတယ်။ ကုမ္ပဏီရဲ့ရုံးက ရန်ကုန် ဘုရင့်နောင်မှာရှိပြီး ဂိုဒေါင်ကတော့ ရွှေလင်ပန်းစက်မှုဇုံမှာ ဖြစ်ပါတယ်။ ဆန်လိုအပ်သူတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (ဖုန်း-၀၁ ၂၁၈၂၆၆ - ၇)၊ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း (ဖုန်း-၀၁ ၂၂၀၂၃၁)၊ ရွှေဝါရောင်စိုက်ပျိုး ထုတ်လုပ်မှု ကုမ္ပဏီ (ဖုန်း- (၀၉ ၇၃၁ ၄၅၄၁၁) တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ ကုမ္ပဏီအနေနဲ့   မြစ်ကြီးနား၊ ပွင့်ဖြူ၊ ဟားခါး၊ ကလေးမြို့တွေဘက်မှာလည်း သီးခြား လှူဒါန်းနေတယ်လို့ ဦးလူမော်မြင့်မောင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024