အီရတ်ရှိ အိုင်အက်စ် ပစ်မှတ်များ လေကြောင်းတိုက်ခိုက်မှု အောင်မြင် (ရုပ်သံ)

အမေရိကန်စစ်တပ်က အီရတ်နိုင်ငံထဲရှိ အိုင်အက်စ် စစ်သွေးကြွပစ်မှတ်တွေကို ညွန့်ပေါင်းအဖွဲ့ လေကြောင်းတိုက်ခိုက်မှု အောင်မြင်ခဲ့တယ်လို့ ပြောထားတဲ့ ရုပ်သံကို သြဂုတ် ၂ ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။ အီရတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လေကြောင်းတိုက်ခိုက်ရာမှာ မက်ခ်မာမြို့နားက အိုင်အက်စ်တွေရဲ့ ကားပေါ်တင် တပ်ဆင်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို အောင်အောင်မြင်မြင် ဖျက်ဆီးလိုက်နိုင်တယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေဟာ သြဂုတ် ၁ ရက်နေ့က အီရတ်နိုင်ငံအတွင်း အိုက်အက်စ် စစ်သွေးကြွတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်နဲ့ ဆီးရီးယားနိုင်ငံမှာ ၆ ကြိမ် တိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က သြဂုတ် ၂ ရက်နေ့က ပြောပါတယ်။ အီရတ်နိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်ထဲမှာ မတူခြားနားတဲ့မြို့ ၇ ခုနားက စစ်သွေးကြွ ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်၊ မိုဆူးလ်နဲ့ ရာမာဒီမြို့နားက ပစ်မှတ် ၄ ခုစီ ပါတယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဆီးရီးယားနိုင်ငံထဲက လေကြောင်းစီးနင်းမှု ၆ ခုအတွင်း တူရကီနယ်စပ်က ခိုဘာနီမြို့နားမှာ ၄ ကြိမ် ပါဝင်တယ်လို့ ကြေညာချက်က ဆိုထားပါတယ်။

More News
Up