A d v e r t i s e m e n t With Us

ရေကြီးမှုကြောင့် စာသင်ကျောင်းပေါင်း ၁၃၀၀ ကျော် ပိတ်ထား

မြန်မာနိုင်ငံ တစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်း ရေကြီးရေလျှံမှုတွေကြောင့် ပြည်နယ်တိုင်း ပြည်နယ် (၁၁) ခုက အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၃၈၇ ကျောင်းခေတ္တပိတ်ထား ခဲ့ရ တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ အဓိက ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေအနက် ရခိုင်ပြည်နယ်မှာ ကျောင်းပေါင်း ၆၈၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ စာသင်ကျောင်း ၂၄၀ နီးပါးနဲ့ စစ်ကိုင်းတိုင်းမှာ ကျောင်း ပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းတွေအများအပြား ရေနစ်မြုပ်ပျက်စီးမှုတွေရှိခဲ့သလို ရေဘေးဒုက္ခသည်တွေအများအပြားဟာလည်း ရေဘေးလွတ်ရာ စာသင်ကျောင်း တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ ယာယီခိုလှုံနေကြရ တာတွေလည်းရှိနေပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ ပျက်စီးသွားတဲ့ စာသင်ကျောင်း၊ အဆောက် အအုံတွေ ကျောင်းသား ကျောင်းသူတွေအတွက် ပြဋ္ဌာန်းစာအုပ်တွေ ပြန်လည် ပြင်ဆင် ဖြည့်ဆည်းပေး ရမယ်လို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ရေဘေးသင့်ဒေသများကို ကယ်ဆယ်ရေး၊ ထောက်ပံ့ ကူညီရေးနဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးမှာပြောပါတယ်။ ပညာရေး ၀န်ကြီးဌာနကလည်း ရေဘေးသင့် ကျာင်းတွေရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ် သန်းပေါင်း ၃၁၇ သန်းကျော် တန်ဖိုးရှိ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စတဲ့ စာရေး ကိရိယာတွေ ပေးပို့နေတယ်လို့လည်းဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up