A d v e r t i s e m e n t With Us

MH 370 မှဟု ယူဆရသည့် လေယာဉ်အစိတ်အပိုင်း ထပ်တွေ့

ဓာတ်ပုံ - ရိုက်တာ
ပျောက်ဆုံး MH370 လေယာဉ်ကလို့ သံသယဖြစ်စရာ လေယာဉ်အစိတ်အပိုင်းတွေကို reunion ကျွန်းပေါ်ကနေ သြဂုတ် ၃ ရက်နေ့က ထပ်တွေ့ခဲ့တယ်လို့ မလေးရှား အရာရှိတွေက ပြောပါတယ်။ မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးက အစိုးရဟာ သဲလွန်စတွေ ပိုရှာနိုင်ဖို့နဲ့ အသစ်တွေ့တဲ့ အပျက်အစီးကို အမျိုးအစား ခွဲခြားနိုင်ဖို့ စုံစမ်းစစ်ဆေးရေး ၂ ဖွဲ့ လွှတ်ထားတယ်လို့ ပြောပါတယ်။ လေယာဉ်က ကျိုးပျက်လာတဲ့ ဒန်သတ္တုနဲ့ လုပ်ထားတဲ့ ဘောင်အပျက်အစီးတချို့ ဖြစ်ပါတယ်။ "ဘယ်လေယာဉ်ကလဲဆိုတာ မသေချာသေးပါဘူး၊ ဒါကို ခွဲခြားစစ်ဆေးရမယ်" လို့ မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြောပါတယ်။ ပထမ ဦးစားပေးက အမျိုးအစား ခွဲခြားဖို့နဲ့ လူတွေ ထင်မိထင်ရာ ထင်ကြေးမပေးကြရေး တောင်းပန်ဖို့လို့လည်း သူက ဆက်ပြောပါတယ်။ "မသေချာသေးတဲ့ ထင်မြင်ချက်တွေက ဆွေမျိုးသားချင်းတွေကို စိတ်ဖိစီးမှု အင်မတန် ပေးနေတယ်ဆိုတာ ခင်ဗျားတို့အားလုံး သိပါတယ်။ လူတွေက သတင်းတွေအတွက် စောင့်နေပါတယ်။ စစ်ဆေးမှု ရလဒ်ကို ခင်ဗျားတို့ အားလုံးလိုပဲ ကျနော်လည်း သိဖို့ စိတ်လှုပ်ရှားနေပါတယ်။ အတည်ပြုချက် ရရချင်း ကျနော် အကြောင်းကြားပါ့မယ်။" ပထမ လေယာဉ်အစိတ်အပိုင်းကို ဘိုးရင်း 777 က အစိတ်အပိုင်းအဖြစ် အတည်ပြုထားပေမယ့် ပျောက်ဆုံးမလေးရှား လေယာဉ် MH370 ရဲ့ အစိတ်အပိုင်းအဖြစ် မသတ်မှတ်နိုင်သေးဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up