မန်ယူ နောက်ခံလူ ရာဖယ်ဒါဆေးဗား လိုင်ယွန် ပြောင်းရွှေ့

1.5K
မန်ယူနောက်တန်းကစားသမား ရာဖယ် ဒါ ဆေးဗားဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းကို ပြောင်းရွှေ့သွားပါတယ်။
ရာဖယ်ဟာ ၄ နှစ် သဘောတူစာချုပ်နဲ့ လိုင်ယွန်ကို ပြောင်းရွှေ့သွားတာဖြစ်ပြီး ပြောင်းရွှေ့ကြေးကို နှစ်သင်းစလုံးက ဖော်ပြတာ မရှိပါဘူး။
အသက် ၂၅ နှစ်အရွယ် ညာနောက်တန်းကစားသမားဟာ အစ်ကိုဖြစ်သူ ဖေဘီယိုနဲ့အတူ ဘရာဇီးကလပ် ဖလူမီနီစ်ကနေ ၂၀၀၈ ခုနှစ်မှာ မန်ယူကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် မန်ယူနည်းပြ ဗန်ဂါး လက်ထက်မှာ ဦးစားပေး ကစားသမားအဖြစ် ရွေးချယ်ခြင်း မခံရလို့ အသင်းပြောင်းတာ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ယူအတွက် ၆ ပွဲပဲ ကစားခွင့် ရထားပါတယ်။
ဒါ့အပြင် ရာသီအကြို ခြေစမ်းပွဲ ခရီးစဉ်မှာလည်း ကစားခွင့်မရဘဲ နည်းပြက အသစ်ခေါ်ယူထားတဲ့ ဒါမီရန်ကို ဦးစားပေးအဖြစ် အသုံးပြုသွားပါတယ်။
ဘရာဇီး နောက်တန်းကစားသမားဟာ မန်ယူမှာ ပွဲပေါင်း ၁၇၀ ကစားခွင့် ရထားပြီး ၅ ဂိုး သွင်းပေးထားပါတယ်။
၇ နှစ်တာ မန်ယူကစားသမား သက်တမ်းအတွင်း ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ရရှိထားပါတယ်။
ရာဖယ်ရဲ့ အစ်ကိုဖြစ်တဲ့ ဖေဘီယိုကတော့ ကာဒစ်စီးတီးအသင်းမှာ ကစားနေပါတယ်။