A d v e r t i s e m e n t With Us

မက္ကဆီကို တွင် မူးယစ်မှောင်ခိုကူးရန် ရည်ရွယ်သည့် ဥမင်တခု တွေ့ရှိ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံ အာဏာပိုင်တွေက အမေရိကန်နယ်စပ်ကနေ ၂ လမ်းကျော် အကွာအဝေး ဖြစ်တဲ့ တီဟွာနာမှာ မပြီးသေးတဲ့ ဥမင်တခုကို ရှာတွေ့ခဲ့ပါတယ်။ ဧပြီလကနေ ခုထိ ဒေသတွင်း ၃ ခုမြောက် တွေ့တဲ့ဥမင်ကို ဓာတ်ပုံရိုက်ဖို့ မီဒီယာတွေကို သြဂုတ် ၂ ရက်နေ့က ခွင့်ပြုခဲ့ပါတယ်။ ဥမင်တွေထဲက တခုကတော့ ခေတ်မီဆန်းပြားပြီး လျှပ်စစ်နဲ့ ရထားလမ်းစနစ်ပါတဲ့အပြင် ၆၅၅ ပေ ရှည်လျားပါတယ်။ ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ တရားမဝင် ဥမင် ၇၅ ခုကျော်ကို ရှာတွေ့ခဲ့ပြီး အရှည်စုစုပေါင်း မိုင် ၂၀၀၀ လောက်ရှိမယ်လို့ အကြမ်းဖျင်း ခန့်မှန်းထားပါတယ်။ ဒါဟာ ဇူလိုင် ၁၂ ရက်နေ့က စီနာလိုအာ မူးယစ်ဂိုဏ်းခေါင်းဆောင် ဂတ်ဇ်မန် (Guzman) က လုံခြုံရေးအမြင့်ဆုံး ထောင်ကနေ လွတ်သွားအပြီး ပထမဆုံး ရှာတွေ့တဲ့ မူးယစ် မှောင်ခိုကူးဖို့ ရည်ရွယ်တဲ့ ဥမင် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up