A d v e r t i s e m e n t With Us

သန့်ရှင်းရေးဝန်ထမ်း ခြေထောက် စက်လှေကားထဲ ညပ်သည့်ဖြစ်ရပ် စီစီတီဗွီ ပြသ (ရုပ်သံ)

တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းက ကုန်တိုက်တခုမှာ သန့်ရှင်းရေးသမားတယောက်ရဲ့ ခြေထောက် စက်လှေကားထဲမှာ သြဂုတ် ၁ ရက်နေ့က ညပ်ခဲ့တဲ့ဖြစ်ရပ် လုံခြုံရေးကင်မရာက ရိုက်ကူးထားတာကို အစိုးရပိုင် ရုပ်သံက သြဂုတ် ၃ ရက်နေ့မှာ ပြသလိုက်ပါတယ်။ စက်လှေကား ထိပ်ဆုံးက ခြေနင်းခုံကို ခြေချလိုက်တဲ့ စက္ကန့်ပိုင်းအတွင်း သန့်ရှင်းရေးသမား ကျန်းရဲ့ ဘယ်ခြေထောက်က စက်လှေကားရဲ့ လှေကားထစ် အဟကြားထဲကျပြီး ညပ်ခဲ့တာပါ။ ဒေသခံ မီးသတ်သမားတွေက သူ့ခြေထောက်ကို ပြန်ဆွဲထုတ်ဖို့ မိနစ် ၂၀ လောက် ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် ဒေသခံဆေးရုံက ဆရာဝန်တွေက သူ့ခြေထောက်ကို ကုပေးဖို့ မတတ်နိုင်တော့လို့ ဖြတ်တောက် ကုသပေးခဲ့ရတယ်လို့ စီစီတီဗွီက ပြောပါတယ်။ ဒဏ်ရာရသူကတော့ အခု ဒေသခံဆေးရုံမှာ ကုသခံနေဆဲပါ။ မတော်တဆမှုအတွက် စုံစမ်းစစ်ဆေးနေပြီလို့ ရှန်ဟိုင်းမြို့ ချန်နင်းခရိုင်က ဈေးများ စောင့်ကြည့်ရေးဗျူရိုက အာဏာပိုင်တွေက စီစီတီဗွီ ရုပ်သံကို ပြောပါတယ်။ ၂၀၀၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ စက်လှေကားကို သြဂုတ် ၁ ရက် မတော်တဆမှု ပြီးကတည်းက အများပြည်သူ မသုံးရအောင် ပိတ်ထားပြီးပြီလို့ စီစီတီဗွီက ပြောပါတယ်။ ကျန်ခဲ့တဲ့ သီတင်းပတ်တွေကလည်း တရုတ်နိုင်ငံတွင်း စက်လှေကား မတော်တဆမှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up