Home
မြန်မာသတင်း
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံရေဘေးအတွက် ထောက်ပံ့ကူညီ
DVB
·
August 3, 2015
မြန်မာနိုင်ငံက ရေဘေးဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံ တီဘီစီ (ထိုင်းမြန်မာနယ်ခြား ကော်မတီ) က ထောက်ပံ့ကူညီရေးပစ္စည်းတွေ လာရောက်ပေး အပ်ခဲ့ပါတယ်။ သြဂုတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံဘက်က နယ်ခြားကော်မတီဥက္ကဋ္ဌနဲ့  တာဝန်ရှိသူတွေ ရောက်လာပြီး ဘတ် ၅ သောင်းကျော် တန်ဘိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဒီဗွီဘီကို ပြောပါတယ်။ “ထိုင်းဘက်က တီဘီစီဥက္ကဋ္ဌက ကျနော်တို့ တာချီလိတ်ခရိုင် စစ်ဗျူဟာမှူးကို အကြောင်းကြား ပါတယ်ခင်ဗျ။ ကျနော်တို့ကလည်း တာဝန်ရှိသူတွေနဲ့ မယ်ဆိုင်ချစ်ကြည်ရေး တံတား ရွှေနန်းတော် ကုန်တိုက်မှာ သွားပြီးလက်ခံခဲ့ပါတယ်။ အားလုံးပေါင်း ဘတ် ၅ သောင်းကျော်ခန့်ပေါ့။ စောင်တွေပါတယ်။ စားစရာ ခေါက်ဆွဲခြောက် သောက်ရေသန့်ဗူးတွေ ပါပါတယ်။ သူတို့ရဲ့ကားနဲ့ဘဲ ကျနော်တို့တာချီလိတ်က နီးစပ်ရာ ရေဘေးကယ်ဆယ်ရေး အလှူခံဌာနကို ပေးအပ်ခဲ့ပါတယ်။” တီဘီစီဟာ ဆက်လက်ပြီးတော့လည်း ထောက်ပံ့ကူညီရေးပစ္စည်းတွေ ကောက်ခံနေတယ်လို့ သူကဆက်ပြောပါတယ်။ တာချီလိတ်မြို့မှာလည်း ရေကြီးရေလျှံမှုကို နှစ်တိုင်းကြုံခဲ့ရတဲ့အတွက် သတိထားပြီး  အစစ အရာရာ ကြိုတင်ပြင်ဆင်ထားတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။   ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024