A d v e r t i s e m e n t With Us

သန်လျင်မြေကွက်များ ဈေးကောင်းနေ

ရန်ကုန်တဘက်ကမ်း​ သန်လျင်မြို့​နယ်မှာ အသစ်​ဖောက်လုပ်ထား​တဲ့​ ​ခြောက်လမ်း​သွား​လမ်း​ဘေး​က လယ်​မြေ​တွေကို လုပ်ငန်း​ရှင်​တွေက ဝယ်​နေကြလို့​ ​မြေ​ဈေး​ကောင်း​နေတယ်လို့​ ​ဒေသခံလယ်သမား​တဦး​က ​ပြောပါတယ်။ “သူ​ဌေး​တွေ ​တော်​တော်ဝယ်တာပဲ။ ကျ​နော်တို့​ ဒီနား​က လယ်ကွက်ဆိုရင် ၃ ဧက ခွဲ​လောက်ပဲ ရှိတာ သိန်း​ ၇၀ နဲ့​ ​ပေး​ဝယ်တယ်။ ဝယ်တာကလည်း​ ဗမာနည်း​ပါတယ်။ ကုလား​သူ​ဌေး​တွေ များ​တယ်။ သူ​ဌေး​တော်​တော်များ​များ​က ​ဈေး​တော်​တော်​ပေး​တယ်။ ဘယ်လို​ကြောင့်​ပေး​နေမှန်း​ကို မသိဘူး​။ ​နောက်ဆိုရင် ကွန်တိန်နာ​တွေကို ဒီမှာစိုက်မယ်။ ဒီက​နေ ဘရူနိုင်း​တို့​ ဘာတို့​ ခွဲပို့​မယ်။” တချို့​နေရာအကွက် အလိုက်​ဈေး​အမျိုး​မျိုး​ ​ပေး​ဝယ်​နေသလို တချို့​ လယ်တဧကကို သိန်း​သုံး​ဆယ်​ကျော်​ပေး​ပြီး​ ဝယ်ယူ​နေကြတာ​ကြောင့်​ လယ်သမား​တွေကလည်း​ ​ဈေး​ကောင်း​ရချိန်မှာ မိမိတို့​လယ်​မြေ​တွေကို ထုတ်​ရောင်း​နေကြတာဖြစ်ပါတယ်။ တချိန်က အဲဒီ​နေရာမှာ ရန်ကုန်အ​ရှေ့​ပိုင်း​ တက္ကသိုလ် (သန်လျင်) တည်​ဆောက်ဖို့​ ​မြေ​နေရာနဲ့​ ရန်ကုန်- သန်လျင် ရထား​လမ်း​ဖောက်လုပ်ဖို့​ ​မြေ​နေရာအတွက် ​မြေဧက ​မြောက်မြား​စွာ ရှိတဲ့​ လယ်​မြေ​တွေကို နိုင်ငံ​တော်က ​လျော်​ကြေး​ငွေ မ​ပေး​ဘဲသိမ်း​ယူခဲ့​ဖူး​ပါတယ်။ အခု အဲဒီနယ်​မြေတဝိုက်မှာ ရှိတဲ့​လယ်​မြေ​တွေကို နိုင်ငံခြား​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်​ရောက်လာပြီး​တော့​ ​လျော်​ကြေး​ငွေမရဘဲ သိမ်း​ယူခံရမှာကို လယ်သမား​တွေက စိုး​ရိမ်​နေကြတာပါ။ ဒါ​ကြောင့်​ အခုလယ်​မြေ​တွေကို လုပ်ငန်း​ရှင်​တွေက ​ဈေး​ကောင်း​ပေး​ပြီး​ ဝယ်ယူ​နေချိန် လယ်သမား​တွေက ​ရောင်း​နေကြတာဖြစ်တယ်လို့​ အဲဒီလယ်သမား​က ​ပြောဆိုသွား​ပါတယ်။ “အစိုး​ရက လုပ်ပြီဆိုရင်​တော့​ ဘာခံနိုင်မှာလဲ။ သူတို့​ပေး​သ​လောက်ပဲရတယ်။ ကျ​နော်တို့​ ဟိုဘက်က လယ်သမား​တွေဆိုရင်လည်း​ အဲတိုင်း​ပဲ၊​ စစ်တပ်ဆို ပိုဆိုး​သေး​တယ်။ သိမ်း​ခံရတာ​တွေလည်း​ မ​ပေး​ဘူး​။”

A d v e r t i s e m e n t With Us

More News
Up