သြဂုတ် ၃ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
August 3, 2015
သြဂုတ် ၃ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၂၃၅ ကျပ်၊ ၁ ယူရိုငွေကို ၁၃၅၅ ဒသမ ၆ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၂၂ ဒသမ ၉၂ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၈၉၉ ဒသမ ၀၃ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၅ ဒသမ ၂၀ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။ (ကိုးကား - မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၇၁၇၀၀၀ ဖြစ်ပြီး ရောင်းဈေးက ၄၅၀၀ ကျပ် ပိုပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၀၉၄.၆ ဒေါ်လာ ဈေးပေါက်ပါတယ်။