A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကြိုဆို ဂုဏ်ပြုပွဲများ ကျင်းပ

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ၆၆နှစ်​မြောက် ​မွေး​နေ့​နဲ့​ မြန်မာနိုင်ငံ အမျိုး​သမီး​များ​နေ့​ကို ကြိုဆိုဂုဏ်ပြုတဲ့​အ​နေနဲ့​ ရန်ကုန် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​ချုပ်မှာ ဂီတပွဲ​တော်ကို ဆက်လက်ကျင်း​ပ​နေပါတယ်။ ဒီဂီတပွဲကို ဒီလ ၁ဝ ရက်​နေ့​က စတင်ကျင်း​ပတာဖြစ်ပြီး​ ၁၈ ရက်​နေ့​အထိ ကျင်း​ပသွား​မယ်လို့​ အစီအစဉ်ဖြစ်​မြောက်​ရေး​ ​ဆောင်ရွက်​နေသူတဦး​ဖြစ်တဲ့​ ကိုဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။ “အခုအ​ခြေအ​နေအထိ​တော့​ ယှဉ်ပြိုင်မယ့်​ ပြိုင်ပွဲဝင်တဲ့​ အင်အား​စုက ​လေး​ဆယ်​ကျော်​လောက် ရှိသွား​ပြီ။ ၁၉ ရက်​နေ့​မှာ​တော့​ ​နောက်ဆုံး​စကာတင် ပြိုင်ပွဲဝင်ပြီး​ ဆု​ပေး​မှာပါ။ ကိုယ်ပိုင်သံစဉ်သီချင်း​တွေ များ​ပါတယ်။ group songs ​တွေများ​တယ်။ တီး​ခတ်မှုကိုလည်း​ သူတို့​ကိုယ်တိုင် ဝင်​ရောက်တီး​ခတ်တာလည်း​ ရှိပါတယ်။ သူတို့​ကိုယ်တိုင် မတီး​တဲ့​အချိန်ကျရင် ပ​ရော်ဖက်ရှင်နယ် သမား​တွေက ဝင်တီး​ပေး​ပါမယ်။ ကိုရဲလွင်တို့​၊​ ကိုတိုး​လွင်တို့​ ဝိုင်း​ဝန်း​ကူညီ​ပေး​ထား​ပါတယ်။” လာမယ့်​ ၁၆ ရက်​နေ့​မှာ​တော့​ ​ဈေး​ရောင်း​ပွဲ​တော် ကျင်း​ပတဲ့​အခါ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် အမျိုး​သမီး​လုပ်ငန်း​အဖွဲ့​၊​ လူငယ်အဖွဲ့​ စတဲ့​ကွန်ရက်တွင်း​အဖွဲ့​တွေက ပါဝင်​ရောင်း​ချကြမယ်လို့​လည်း​ ​ပြောပါတယ်။ “​ဒေါ်​အောင်ဆန်း​စုကြည် ဓာတ်ပုံပါတဲ့​ စ​တေကာပါတဲ့​ အင်္ကျီ​တွေ ဒီမိုက​ရေစီ​ရေး​ လှုပ်ရှား​မှုမှာ အစဉ်တစိုက် ပါဝင်ခဲ့​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လှုပ်ရှား​မှုစီဒီ​ခွေ​တွေ၊​ ရင်ထိုး​တွေ၊​ ​သော့​ချိတ်​တွေ၊​ အစရှိသဖြင့်​ ​ရောင်း​ချသွား​ပါမယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်​မွေး​နေ့​ပွဲကို ကမ္ဘာတဝှမ်း​ ဒီမိုက​ရေစီ​ရေး​ လိုလား​သူများ​အား​လုံး​က​နေ မြန်မာနိုင်ငံမှာ​ကော ကမ္ဘာတလွှား​မှာပါ အား​လုံး​ မြန်မာနိုင်ငံတွင်း​မှာ ရှိ​နေသူ​တွေအား​လုံး​ စု​ပေါင်း​ဆောင်ရွက်ကြပါလို့​ ကျ​နော်တိုက်တွန်း​ချင်ပါတယ်။” ဒေါ်​အောင်ဆန်း​စုကြည်​မွေး​နေ့​ ကြိုဆိုဂုဏ်ပြုပွဲ​တွေကို နယ်မြို့​တွေမှာလည်း​ ကျင်း​ပသွား​ကြမယ်လို့​လည်း​ ​ပြောပါတယ်။ ဒီ​နေ့​ ရန်ကုန်က ဂီတပြိုင်ပွဲကို ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​ အပါအဝင် အဖွဲ့​ချုပ်​ခေါင်း​ဆောင်​တွေလည်း​ လာ​ရောက်အား​ပေး​တယ်လို့​ သိရပါတယ်။ မွေး​နေ့​ရှင် ​ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ အလုပ်​တွေ များ​နေလို့​ လာ​ရောက် အား​မ​ပေး​နိုင်​သေး​ဘူး​လို့​လည်း​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up