A d v e r t i s e m e n t With Us

ဒီမာရီယာ ပီအက်စ်ဂျီသို့ပြောင်းရွှေ့ရန် ဆေးစစ်မှုခံယူတော့မည်

ဓာတ်ပုံ - ရိုက်တာ
မန်ယူ ကွင်းလယ်ကစားသမား ဒီမာရီယာဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ဆေးစစ်မှု ခံယူတော့မှာ ဖြစ်ပါတယ်။ ဒီမာရီယာဟာ အပြောင်းအရွှေ့အတွက် ပီအက်စ်ဂျီအသင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ခန့်မှန်းထားပါတယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ မန်ယူကို ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ နီးပါးနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ကနေ ရောက်ရှိလာတာပါ။ ပီအက်စ်ဂျီအသင်းက အာဂျင်တီးနား ကစားသမားကို ပြောင်းရွှေ့ကြေး ပေါင် ၄၄  သန်းနီးပါးလောက် ပေးလိမ့်မယ် ဆိုပြီးတော့လည်း သတင်းတွေမှာ ရေးသားထားပါတယ်။ ဒီမာရီယာဟာ မန်ယူအသင်းရဲ့ ရာသီအကြို အမေရိကန် ခြေစမ်းပွဲခရီးစဉ်မှာလည်း လိုက်ပါခဲ့ခြင်း မရှိပါဘူး။ သူဟာ ရီးရဲလ်မက်ဒရစ်မှာတုန်းက အသင်းကို ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်အောင် ကူညီထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up