မြန်မာနိုင်ငံတ၀န်း ဧက ၈ သိန်းခွဲကျော် ရေနစ်မြုပ်နေဟု သတင်းထုတ်ပြန်
DVB
·
August 3, 2015
မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုမှာ ဧက ၈၅၀၆၀၀ ကျော်ထိ ရေကြီးနစ်မြုပ်နေတယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သြဂုတ် ၂ ရက်နေ့က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့ကလွဲရင် ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ ပျက်စီးသွားတာပါ။
ရေမြုပ်ဧကတွေထဲမှာ ပျက်စီးဧက ၄၄၀၀၀ ကျော်၊ ရေပြန်ပေါ်ဧက ၁၅၀၀၀၀ ကျော်နဲ့ ထိခိုက်ဧက ၁၅၀၀၀၀ ကျော်ထိ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီထဲမှာ ရခိုင်ပြည်နယ်က ရေမြုပ်ဧကနဲ့ ပျက်စီးဧက အများဆုံးဖြစ်ပြီး ၂ သိန်း ၆ သောင်းကျော်နဲ့ ပဲခူးတိုင်းဒေသကြီးကတော့ ဒုတိယအများဆုံးဖြစ်ပါတယ်။