ကွန်မြူနတီဒိုင်းပြိုင်ပွဲ အာဆင်နယ်အသင်း ချဲလ်ဆီးကိုအနိုင်ယူ (ရုပ်သံဟိုက်လိုက်)

3K
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ရာသီအကြို ကွန်မြူနတီဒိုင်း ဘောလုံးပြိုင်ပွဲမှာ အက်ဖ်အေချန်ပီယံ အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးအသင်းကနေ အာဆင်နယ်ကို ပြောင်းလာတဲ့ ဂိုးသမား ပီတာချက်ကို ပွဲထုတ် ယှဉ်ပြိုင်သွားပါတယ်။
အာဆင်နယ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ချိန်ဘာလိန်က သွင်းယူပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးက ရာမီရက်စ်နဲ့ ဟာဇက်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ ချေပဂိုးနဲ့ လွဲနေရတာပါ။
အာဆင်နယ်ဘက်ကလည်း အပိုင်နီးပါး အခွင့်အရေးတွေ ရပေမယ့် ဂိုးသွင်း မသေချာလို့ တဂိုးတည်းနဲ့ အနိုင်ရသွားတာပါ။
အာစင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်းဟာ မော်ရင်ဟို ကိုင်တွယ်တဲ့ ချဲလ်ဆီးကို ပထမဆုံးအကြိမ်အဖြစ် အနိုင်ယူပြီး ပရီးမီးယားလိဂ် ရာသီအကြို ကွန်မြူနတီဒိုင်း ဆုဖလားကို ဆွတ်ခူးသွားပါတယ်။