ကိုလံဘီယာ စစ်ဘက်လေယာဉ်တစီး ပျက်ကျ၊ ၁၁ ဦး သေဆုံး



2.7K
ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းမှာ စစ်ဘက်သယ်ယူရေးလေယာဉ်တစင်း သြဂုတ် ၁ ရက်နေ့က ပျက်ကျခဲ့ပြီး လေယာဉ်နဲ့ လိုက်ပါသူ ၁၁ ဦးလုံး သေဆုံးခဲ့တယ်လို့ ကိုလံဘီယာလေတပ်က ထုတ်ပြန်ပါတယ်။
အင်ဂျင် ၂ လုံးတပ် Airbus ကုမ္ပဏီထုတ် CN235 လေယာဉ်ဖြစ်ပြီး အင်ဂျင်ပိုင်းပြဿနာတက်တယ်ဆိုပြီး အကြောင်းကြားခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံမြောက်ပိုင်း ဆီစာပြည်နယ် ကျေးလက်ဒေသမှာ ပျက်ကျခဲ့ပြီး ဒေသခံတွေကတော့ မိုးကြိုးပစ်ချခံရတာလို့ ဒေသခံသတင်းဌာနတွေကို ပြောဆိုပါတယ်။
သေဆုံးခဲ့သူ ၁၁ ဦးလုံးဟာ ကိုလံဘီယာလေတပ်ကဖြစ်ပြီး သမ္မတ ဟွန် Juan Manuel Santos က သူရဲကောင်းတွေအဖြစ် ချီးကျူးခဲ့ပါတယ်။
ဒီလေယာဉ်ကို ၁၉၉၈ ခုနှစ်က စပိန်နိုင်ငံ၊ Airbus ကုမ္ပဏီ၊ စစ်ဘက်လေယာဉ်ထုတ်လုပ်ရေးဌာနက ထုတ်လုပ်ခဲ့တာပါ။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ စုံစမ်းရေးအဖွဲ့ စေလွှတ်ထားတယ်လို့ လေတပ်ဗိုလ်ချုပ်ကြီးက ပြောဆိုပါတယ်။