A d v e r t i s e m e n t With Us

အိုလံပစ် ကျင်းပခွင့်ရ တရုတ်ပြည်သူများ အောင်ပွဲခံ (ရုပ်သံ)

၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ကျင်းပခွင့်ကို တရုတ်နိုင်ငံကို ခွင့်ပြုလိုက်တဲ့အတွက် ဘီဂျင်းမှာ ထောင်ချီတဲ့ ပြည်သူတွေ အောင်ပွဲခံခဲ့ပါတယ်။ ကျင်းပမယ့်နိုင်ငံကို ကြေညာမယ့် ဇူလိုင် ၃၁ ရက်  ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ ဘီဂျင်းက ငှက်သိုက် အိုလံပစ်ကွင်းမှာ ထောင်နဲ့ချီတဲ့ လူတွေစုရုံး ကြည့်ရှုခဲ့ပါတယ်။ ကြေညာလိုက်ပြီးတဲ့အချိန်မှာ အများစုက ပျော်ရွှင်အော်ဟစ်ခဲ့ပြီး အလံတွေကို ဝှေ့ယမ်းခဲ့ပါတယ်။ ဘီဂျင်းမှာ ဆောင်းရာသီ အိုလံပစ်ကျင်းပခွင့်ရတာကို ဂုဏ်ယူ ပျော်ရွှင်မိတယ်လို့ ဘီဂျင်းနေထိုင်တဲ့သူတွေက ပြောပါတယ်။ ဒါ့အပြင် ဘီဂျင်းမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ကြောင့် လေထုညစ်ညမ်းမှုလျော့ကျပြီး သဘာဝပတ်ဝန်းကျင်ကို တိုးတက်စေမယ်လို့ ပါမောက္ခတဦးက သုံးသပ်ပါတယ်။ ဘီဂျင်းဟာ ၂၀၀၈ ခုနှစ်က နွေရာသီ အိုလံပစ်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို ဆောင်းရာသီနဲ့ နွေရာသီအိုလံပစ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခွင့်ရတဲ့ မြို့လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up