A d v e r t i s e m e n t With Us

ဘိုလီးဘီးယား ဌာနေလူမျိုးစုများ ကမ္ဘာစောင့်နတ်သမီးကို ပူဇော် (ရုပ်သံ)

ပါချာမာမာလို့ခေါ်တဲ့ ကမ္ဘာစောင့်နတ်သမီးကို ပူဇော်တဲ့ပွဲကို ဘိုလီးဘီးယားက ဌာနေ လူမျိုးတွေက သြဂုတ် ၁ ရက် ကမ္ဘာမြေနေ့မှာ ပူဇော်ပွဲကျင်းပကြပါတယ်။ ဘာသာရေးခေါင်းဆောင်တွေ ဦးစီးကျင်းပတဲ့ ဒီရိုးရာပွဲတော်မှာ ချိုချဉ်တွေ၊ အရက်တွေနဲ့ ပူဇော်ကြပါတယ်။ ကမ္ဘာစောင့်နတ်သမီးဟာ ကျန်းမာကြံ့ခိုင်မှုဘ၀နဲ့ မိသားစုတွေ အဆင်ပြေအောင် ဖန်တီးပေးတယ်လို့ ဌာနေတိုင်းရင်းသားတွေက ယုံကြည်ပြီး ဒီလိုပူဇော်တာဟာ သူ့ကို အသိအမှတ်ပြုတာလို့ ဆိုပါတယ်။ ဒါ့အပြင် ပြုတ်ထားတဲ့ အစားအစာတွေကို ကိုကာ အရွက်၊ အရက်၊ ၀ိုင်၊ ဆေးလိပ်နဲ့ ရိုးရာ ယမကာတွေကို ရွံ့စေးနဲ့လုပ်ထားတဲ့ ခွက်ထဲထက်ပြီး မြေထဲမြုပ်ကာ ကမ္ဘာမြေကြီးကို ကျွေးမွေးကြပါတယ်။ သြဂုတ် ၁ လလုံး ပါချာမာမာက လှူဒါန်းမှုတွေကို လက်ခံသလို စီးပွားရေး၊ အလုပ်၊ ကျန်းမာရေး၊ အိမ်ဆောက်တာတွေဟာလည်း ယုံကြည်မှုကြောင့် ဆန္ဒရှိသလို ပြည့်တယ်လို့ ဘာသာရေး ခေါင်းဆောင်တဦးက ရှင်းပြပါတယ်။ ဒီအလေ့အထဟာ မြို့ပြနေ လူတန်းစားအထိ ကူးစက်မှုရှိပြီး တချို့ကလည်း ရုပ်ဝတ္တု ပစ္စည်းအတွက် ဆုတောင်းကြပါတယ်။ သြဂုတ် ၁ ရက်ဟာ ပထမအကြိမ် သီးနှံရိတ်သိမ်းမှု အဆုံးသတ်တဲ့နေ့ အဖြစ်လည်း သတ်မှတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up