A d v e r t i s e m e n t With Us

အမျိုးသမီးနှင့် စီးပွားရေး၊ လူမှုရေး အခွင့်အရေး

လူသား​တွေ ဖြစ်တည်စကတည်း​က အမျိုး​သမီး​တွေဟာလည်း​ အမျိုး​သား​များ​နည်း​တူ အလုပ်သမား​များ​ ဖြစ်ကြပါတယ်။ ဒါ​ပေမယ့်​ အစဉ်အလာအရ အမျိုး​သမီး​တွေဟာ အိမ်တွင်း​မှုနဲ့​ သား​သမီး​ပြုစု ပျိုး​ထောင်တဲ့​ အလုပ်​တွေကိုပဲ လုပ်​နေရတဲ့​အတွက် လုပ်ခ ခံစား​ခွင့်​တော့​ မရကြပါဘူး​။ ဒီအခါမှာ ဝင်​ငွေရတဲ့​ အလုပ်ကို လုပ်ခွင့်​ ရ​နေကြတဲ့​ အမျိုး​သား​တွေက အိမ်​ထောင်ဦး​စီး​နေရာကို အလိုလို​ရောက်လာကြပါတယ်။ ဒီအ​ခြေအ​နေ​တွေဟာ ၁၉ ရာစု​နှောင်း​ပိုင်း​ စက်မှု​တော်လှန်​ရေး​နဲ့​ အတူ ​ပြောင်း​လဲလာခဲ့​ပါတယ်။ အမျိုး​သမီး​တွေဟာ အမျိုး​သား​များ​နည်း​တူ အိမ်ရဲ့​ပြင်ပမှာ ဝင်​ငွေရှာတဲ့​အလုပ်ကို လုပ်ကိုင်လာကြပါတယ်။ အိမ်​ထောင်တခုမှာ ​ခေါင်း​ဆောင်၊​ ​နောက်လိုက်ဆိုတာ​တွေ မရှိ​တော့​ပါဘူး​။ အလုပ်ခွဲ​ဝေလုပ်ကိုင်မှုနဲ့​ အပြန်အလှန် ​လေး​စား​ နား​လည်မှု​တွေကသာ ဖွံ့​ဖြိုး​တိုး​တက်တဲ့​ လူ့​အဖွဲ့​အစည်း​တွေမှာ စံနှုန်း​တွေ ဖြစ်လာခဲ့​ပါတယ်။ မိသား​စု​ရေး​ရာမှာ ​ပြောင်း​လဲလာသလို၊​ တိုး​တက်ဖွံ့​ဖြိုး​တဲ့​ နိုင်ငံကြီး​တွေဟာလည်း​ တစတစနဲ့​ အမျိုး​သမီး​နဲ့​ အမျိုး​သား​များ​ တန်း​တူရည်တူ အလုပ်အကိုင် အခွင့်​အလမ်း​ ရပိုင်ခွင့်​ အက်ဥပ​ဒေ​တွေကို ပြဋ္ဌာန်း​လာကြရပါတယ်။ နိုင်ငံတကာအမျိုး​သမီး​ကွန်ရက်ရဲ့​ ​လေ့​လာချက်စာတမ်း​များ​အရ ကမ္ဘာ့​အလုပ်အကိုင်​တွေရဲ့​ ၆၆ ရာခိုင်နှုန်း​ကို အမျိုး​သမီး​များ​က လုပ်ကိုင်​နေရပြီး​ ဝင်​ငွေမှာကျ​တော့​ ကမ္ဘာ့​ဝင်​ငွေရဲ့​ ၅ ရာခိုင်နှုန်း​ကိုသာ ခံစား​ခွင့်​ရှိကြပါတယ်။ ဒီလိုဖြစ်ရတာဟာ အမျိုး​သမီး​တွေအ​နေနဲ့​ ဝင်​ငွေမရရှိတဲ့​ မိသား​စုအလုပ်​တွေ၊​ ​သေး​ငယ်တဲ့​စီး​ပွား​ရေး​ လုပ်ငန်း​တွေမှာသာ ပါဝင်​ဆောင်ရွက်ခွင့်​ ရ​နေတာ​တွေ၊​ အမျိုး​သမီး​နဲ့​ အမျိုး​သား​အကြား​က လုပ်ခလစာကွာဟချက်​တွေနဲ့​ ရာထူး​မြင့်​မား​ ဝင်​ငွေများ​တဲ့​ အလုပ်​တွေကို အမျိုး​သား​များ​ကသာ လက်ဝါး​ကြီး​ အုပ်လုပ်ကိုင်ထား​တာ​တွေ​ကြောင့်​ ဖြစ်တယ်လို့​ ​လေ့​လာသူ​တွေက ထုတ်​ဖော်​ပြောကြား​ကြပါတယ်။ အာရှပစိဖိတ်​ဒေသဆိုင်ရာ စစ်တမ်း​များ​အရ ​ဒေသတွင်း​ အမျိုး​သမီး​တွေရဲ့​ အလုပ်အကိုင်ရှာ​ဖွေခွင့်​ ကန့်​သတ်ချက်များ​ကြောင့်​ နှစ်စဉ် ခန့်​မှန်း​ဒေါ်လာ ၄၇ ဘီလီယံဆုံး​ရှုံး​မှုရှိ​ကြောင်း​ ​တွေ့​ရှိရပါတယ်။ တကယ်​တော့​ အမျိုး​သမီး​တွေရဲ့​ ဝင်​ငွေတိုး​တက်လာရင် မိသား​စု တိုး​တက်လာသလို တိုင်း​ပြည်အတွက်လည်း​ အကျိုး​များ​ပါတယ်။ အမျိုး​သမီး​များ​ရဲ့​ တပိုင်တနိုင် လုပ်ငန်း​လေး​တွေ​ကြောင့်​ ရင်​သွေး​ငယ်များ​ ပညာသင်ခွင့်​ ရလာပါတယ်။ ဆင်း​ရဲနွမ်း​ပါး​မှု​လျော့​နည်း​ရေး​ကို အ​ထောက်အကူ ​ပေး​တာ​ကြောင့်​ တိုင်း​ပြည် ဖွံ့​ဖြိုး​ရေး​အတွက်လည်း​ အလွန်အ​ရေး​ကြီး​လှပါတယ်။ အမျိုး​သမီး​တွေကို အမျိုး​သား​များ​နည်း​တူ စီး​ပွား​ရေး​အခွင့်​အလမ်း​တွေ မရရှိနိုင်​အောင် ကန့်​သတ်​နေတဲ့​ အချက်တခုက​တော့​ အမျိုး​သမီး​တွေဟာ ဝင်​ငွေမရတဲ့​ အလုပ်​တွေမှာ အချိန်ကို အသုံး​ပြု​နေရလို့​ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း​က အမျိုး​သမီး​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက ဒီအချက်နဲ့​ ပတ်သက်ပြီး​ ​တောင်း​ဆိုချက်တရပ်ကို ​တောင်း​ဆိုခဲ့​ကြပါတယ်။ စီး​ပွား​ရေး​အခွင့်​အလမ်း​ကို အမျိုး​သမီး​များ​ အပြည့်​အဝ ခံစား​နိုင်ဖို့​အတွက် ရင်​သွေး​ပြုစု ပျိုး​ထောင်မှု ဆိုင်ရာ ထုံး​တမ်း​စဉ်လာ​တွေကို ​ပြောင်း​လဲရမယ်ဆိုတဲ့​အချက်ပါ။ အမျိုး​သမီး​တွေဟာလည်း​ အမျိုး​သား​တွေနဲ့​တန်း​တူ မိသား​စုစီး​ပွား​ရေး​ကို ရုန်း​ကန်​နေတာဖြစ်တဲ့​အတွက် ရင်​သွေး​ပြုစု ပျိုး​ထောင်မှုဟာ အမျိုး​သမီး​များ​ရဲ့​ တာဝန်လို့​ သတ်မှတ်ထား​တာ​တွေ၊​ အိမ်​ထောင်စုရဲ့​ အကြီး​အကဲကို အမျိုး​သား​အဖြစ် သတ်မှတ်တာ ​တွေကို ​ပြောင်း​လဲပစ်ရပါမယ်။ မိသား​စုရဲ့​ တာဝန်အရပ်ရပ်ကို ခွဲ​ဝေယူခြင်း​အား​ဖြင့်​ အိမ်မှုကိစ္စတာဝန်၊​ က​လေး​ပြုစု​ရေး​တာဝန်နဲ့​ အလုပ်တာဝန်​တွေ​ကြောင့်​ စိတ်ဖိစီး​မှုဖြစ်ကြရတဲ့​ အမျိုး​သမီး​များ​ကို အိမ်​ထောင်ဘက် အမျိုး​သား​များ​က အကူအညီ​ပေး​ရမယ်လို့​ ဆိုထား​ကြပါတယ်။ အစိုး​ရ​တွေအ​နေနဲ့​လည်း​ က​လေး​ထိန်း​ကျောင်း​များ​ဖွင့်​လှစ်ပြီး​ အမျိုး​သမီး​များ​ရဲ့​ အလုပ်​ကြောင့်​ ထွက်​ပေါ်လာမယ့်​ စီး​ပွား​ရေး​ ​ပြောင်း​လဲတိုး​တက်နိုင်တဲ့​ ရလဒ်များ​ကို ​ဖော်​ဆောင်​ပေး​ဖို့​ လိုအပ်​ကြောင်း​ ပညာရှင်များ​က ​ထောက်ပြ​ပြောဆိုထား​ကြပါတယ်။ က​နေဒါနိုင်ငံမှာဆိုရင် အမျိုး​သမီး​များ​တန်း​တူညီမျှ​ရေး​ဆိုင်ရာ ဝန်ကြီး​ဌာနတခုကို သီး​သန့်​ဖွင့်​လှစ်ပြီး​ အမျိုး​သမီး​အခွင့်​အ​ရေး​အတွက် ​ဆောင်ရွက်​နေပါတယ်။ အာရှ၊​ ပစိဖိတ်​ဒေသနဲ့​ အာဖရိက​ဒေသက ဖွံ့​ဖြိုး​ဆဲနိုင်ငံများ​ရဲ့​ တိုး​တက်​ရေး​ဆိုင်ရာ စီမံချက်​တွေမှာလည်း​ အမျိုး​သမီး​များ​ရဲ့​ စွမ်း​ရည်​ဖော်ထုတ်​ပေး​ရေး​၊​ စီး​ပွား​ရေး​အခွင့်​အလမ်း​များ​ အပြည့်​အဝ ရရှိ​စေ​ရေး​၊​ လူမှုအခွင့်​အလမ်း​များ​ ရရှိပြီး​ မိသား​စုမှာ ​ပြော​ရေး​ဆိုခွင့်​ ရှိ​စေ​ရေး​ ​ဆောင်ရွက်ချက်များ​ကို ဦး​စား​ပေး​အချက်အ​နေနဲ့​ ထည့်​သွင်း​ထား​ကြပါတယ်။ နိုင်ငံတခုရဲ့​ စီး​ပွား​ရေး​ယန္တရား​တခုလုံး​ ​ကောင်း​မွန်စွာ လည်ပတ်နိုင်ဖို့​ နိုင်ငံသူနိုင်ငံသား​ အား​လုံး​မှာ တာဝန်ရှိပါတယ်။ ယန္တရား​ရဲ့​ အစိတ်အပိုင်း​တခု ချို့​ယွင်း​နေတာဟာလည်း​ လည်ပတ်တဲ့​အခါမှာ အခက်အခဲ​တွေ အများ​ကြီး​ဖြစ်​ပေါ်​စေနိုင်ပါတယ်။ အမျိုး​သမီး​တွေကို စီး​ပွား​ရေး​အခွင့်​အလမ်း​များ​၊​ အလုပ်အကိုင်အခွင့်​အလမ်း​များ​ ​ပေး​ခြင်း​ဟာ နိုင်ငံရဲ့​စီး​ပွား​ရေး​ယန္တရား​တခုလုံး​ ​ချော​ချော​မော​မော လည်ပတ်နိုင်​စေဖို့​ပဲ ဖြစ်ပါတယ်။ ဒီလို အမျိုး​သမီး​တွေရဲ့​ စီး​ပွား​ရေး​အခွင့်​အလမ်း​တွေအတွက် တကမ္ဘာလုံး​က တက်တက်ကြွကြွ လှုပ်ရှား​ဆောင်ရွက်​နေချိန်မှာ ကျမတို့​မြန်မာပြည်မှာက​တော့​ ​ခေတ်​နောက်ပြန်ဆွဲ​နေတဲ့​ အစဉ်အလာ ဓ​လေ့​ထုံး​စံ​တွေနဲ့​ စစ်အုပ်ချုပ်​ရေး​စနစ်​ကြောင့်​ အမျိုး​သမီး​တွေရဲ့​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ အခွင့်​အလမ်း​များ​စွာဟာ ပိတ်ပင်ခံထား​ရပါတယ်။ အထင်ရှား​ဆုံး​ ဥပမာတခုကို ပြရရင် အခုနအဖ စစ်အုပ်စု ​ရေး​ဆွဲထား​တဲ့​ ဖွဲ့​စည်း​ပုံဥပ​ဒေမူကြမ်း​ အပိုဒ် (၃၅၂) မှာ “အစိုး​ရဟာ အမျိုး​သား​တွေနဲ့​ပဲ သင့်​လျော်တဲ့​ အလုပ်​နေရာ​တွေမှာ အမျိုး​သား​တွေကိုပဲ ခန့်​အပ်မယ်” ဆိုတဲ့​ အချက်ပါ​နေပါတယ်။ တကယ်​တော့​ နှစ်ဆယ့်​တစ်ရာစုရဲ့​ တိုး​တက်​ခေတ်မီတဲ့​ လူ့​အဖွဲ့​အစည်း​မှာ အမျိုး​သား​အလုပ်၊​ အမျိုး​သမီး​အလုပ်ဆိုတဲ့​ ကွဲပြား​မှု​တွေ မရှိ​တော့​ပါဘူး​။ ကမ္ဘာတလွှား​က နိုင်ငံ​တော်လုံခြုံ​ရေး​ အဖွဲ့​အစည်း​တွေ၊​ အကြမ်း​ဖက်နှိမ်နင်း​ရေး​ အဖွဲ့​အစည်း​တွေ၊​ ပြည်သူ့​လွှတ်​တော်​တွေ၊​ စစ်ဘက်ဆိုင်ရာ​တွေ စတဲ့​ စစ်​ရေး​၊​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ ကဏ္ဍမျိုး​စုံမှာ အမျိုး​သမီး​အကြီး​အကဲ​တွေ အများ​အပြား​ပါဝင်​နေကြပါပြီ။ ဒါ​ကြောင့်​ ဒီလို အမျိုး​သမီး​အခွင့်​အ​ရေး​တွေကို ကန့်​သတ်ချုပ်ချယ်ထား​တဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ အ​ပေါ်မှာ အ​ခြေခံပြီး​ ​ခေတ်မီတိုး​တက်​သော နိုင်ငံ​တော်သစ် ​ပေါ်​ပေါက်ဖို့​ဆိုတာဟာ အလွန်ပင် ခဲယဉ်း​လှပါတယ်။ ဒါတင်မက​သေး​ပါဘူး​။ အမျိုး​သမီး​များ​ရဲ့​ ဘဝအဆင့်​အတန်း​ တိုး​တက်မြင့်​မား​မှုနဲ့​ စီး​ပွား​ရေး​အခွင့်​အလမ်း​များ​ အပြည့်​အဝခံစား​ခွင့်​ ရရှိဖို့​အတွက် လိုအပ်တဲ့​ ​ပေါ်လစီ​တွေ၊​ ဥပ​ဒေ​တွေဟာလည်း​ မြန်မာပြည်မှာ မရှိ​သေး​ပါဘူး​။ တိုင်း​ရင်း​သား​ကျေး​ရွာ​တွေမှာ အမျိုး​သမီး​တွေကို အတင်း​အကျပ် အခမဲ့​ အလုပ်​စေခိုင်း​မှု​တွေကလည်း​ ရှိ​နေပါ​သေး​တယ်။ စစ်တက္ကသိုလ်​တွေမှာ အမျိုး​သမီး​များ​ တက်​ရောက်ပညာ သင်ကြား​ခွင့်​ကို ပိတ်ပင်ထား​ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်​ရေး​ နိုင်ငံဖြစ်​နေတဲ့​ မြန်မာနိုင်ငံရဲ့​ အုပ်ချုပ်​ရေး​ယန္တရား​တွေမှာ အမျိုး​သမီး​တွေရဲ့​ အလုပ်အကိုင်ရရှိ​ရေး​ အခွင့်​အလမ်း​တွေကို ပိတ်ပင်ထား​တာပဲဖြစ်ပါတယ်။ အရည်အချင်း​ထက် အ​ရေအတွက်ကို ဦး​စား​ပေး​နေတဲ့​ စာခိုး​ချပညာ​ရေး​စနစ်​ကြောင့်​ ဘွဲ့​ရအမျိုး​သမီး​များ​စွာ ​ပေါ်​ပေါက်​နေ​ပေမယ့်​လည်း​ ဘွဲ့​ရအလုပ်အကိုင် အခွင့်​အလမ်း​တွေကလည်း​ အင်မတန်ကို ရှား​ပါး​လွန်း​လှပါတယ်။ အမျိုး​သမီး​တွေရဲ့​ စီး​ပွား​ရေး​၊​ လူမှု​ရေး​အခွင့်​အလမ်း​ မ​ရေရာ မ​သေချာမှု​တွေရဲ့​ ​နောက်ဆက်တွဲပြဿနာဖြစ်တဲ့​ လူကုန်ကူး​မှုပြဿနာ၊​ ပြည့်​တန်ဆာပြဿနာ​တွေကလည်း​ မြန်မာနိုင်ငံမှာ ကြီး​ထွား​နေပါတယ်။ ဒီပြဿနာများ​ကို လူကုန်ကူး​မှု တား​ဆီး​နှိမ်နင်း​ရေး​အဖွဲ့​၊​ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့​ရဲ့​ ပြည့်​တန်ဆာ နှိမ်နင်း​အ​ရေး​ယူ​ရေး​ စီမံချက်​တွေ ဟန်ပြလုပ်ပြရုံနဲ့​တော့​ ​ဖြေရှင်း​နိုင်မှာ မဟုတ်ပါဘူး​။ မြန်မာအမျိုး​သမီး​တွေရဲ့​ စီး​ပွား​ရေး​ အခွင့်​အလမ်း​ အပြည့်​အဝခံစား​ခွင့်​ကပဲ ​ဖြေရှင်း​နိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် ထိ​ရောက်တဲ့​ စီး​ပွား​ရေး​၊​ လူမှု​ရေး​၊​ အမျိုး​သမီး​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ​ပေါ်လစီ​တွေ ချမှတ်အ​ကောင်အထည်​ဖော် ​ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အမျိုး​သား​တွေ အ​နေနဲ့​ကလည်း​ အမျိုး​သမီး​တွေရဲ့​ အခွင့်​အလမ်း​တွေအ​ပေါ် ထိန်း​ချုပ်ထား​တဲ့​ အယူအဆ​တွေကို ​ပြောင်း​လဲဖို့​ လိုအပ်သလို၊​ အမျိုး​သမီး​တွေ ကိုယ်တိုင်ကလည်း​ ဒါ​တွေဟာ မိမိတို့​ရဲ့​ ရပိုင်ခွင့်​တွေပါလား​ ဆိုတာကို နား​လည်လက်ခံပြီး​၊​ ​တောင်း​ဆိုမှု​တွေ ပြုလုပ်ဖို့​ လိုအပ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up