A d v e r t i s e m e n t With Us

ကွန်မြူနတီဖလား ချဲလ်ဆီး- အာဆင်နယ် ယနေ့ည ယှဉ်ပြိုင်မည့်

ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ကွန်မြူနတီဖလားပြိုင်ပွဲကို လန်ဒန် ၀င်ဘလေကွင်းကြီးမှာ သြဂုတ် ၂ ရက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းပြိုင်ပွဲဟာ အက်ဖ်အေဖလား ချန်ပီယံနဲ့ ပရီးမီးယားလိဂ် ချန်ပီယံတို့ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ရာသီအကြို ခြေစမ်းပွဲ ရလဒ်တွေအရ အာဆင်နယ်က  အဲဗာတန်ကို အနိုင်ရထားသလို အမ်မရိတ်ဖလားပြိုင်ပွဲမှာလည်း လီယွန်နဲ့ ၀ု့စ်ဘာ့တို့ကို အနိုင်ယူပြီး ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ချဲလ်ဆီးကတော့ ရာသီအကြို အမေရိကား ခြေစမ်းပွဲစဉ်မှာ နယူးယောက် ရက်ဘူးကို ရှုံးထားပြီး ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတွေကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရထားပါတယ်။ ကွန်မြူနတီဖလား ပြိုင်ပွဲမှာ အာဆင်နယ်က ဂိုးသမားသစ် ပီတာချက်ကို အသင်းဟောင်းနဲ့ ရင်ဆိုင်တဲ့ပွဲမှာ ပွဲထွက် ကစားသမားအဖြစ် အသုံးပြုမှာ ဖြစ်သလို ချဲလ်ဆီးကလည်း တိုက်စစ်မှူးသစ် ဖာကာအိုကို ပထမ ဦးစားပေး လူစာရင်းမှာ ထည့်သွင်းနိုင်တယ်လို့ သတင်းတွေမှာ ခန့်မှန်း ဖော်ပြနေပါတယ်။ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးကတော့ ချဲလ်ဆီး နည်းပြ မော်ရင်ဟို လက်ထက်မှာ ချဲလ်ဆီးအသင်းကို ပထမဆုံးအကြိမ်အဖြစ် အနိုင်ရဖို့ မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ ဒီ ၂ သင်း ဆုံဖူးထားပြီး ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ ချဲလ်ဆီးဟာ သြဂုတ် ၈ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ဆွမ်ဆီ၊ အာဆင်နယ်ကတော့ သြဂုတ် ၉ ရက်မှာ ၀က်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့အာဆင်နယ်တို့ရဲ့ ကွန်မြူနတီဖလား ပြိုင်ပွဲကို ဒီနေ့ည မြန်မာစံတော်ချိန် ၈ နာခွဲ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up