ကလင်တန် ဇနီးမောင်နှံ ၇ နှစ်အတွင်း ဒေါ်လာ ၁၃၉ သန်းကျော်ဝင်

2.5K
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်နဲ့ ခင်ပွန်း သမ္မတဟောင်း ဘီလ်ကလင်တန်တို့က ၇ နှစ်အတွင်း ဒေါ်လာ ၁၃၉ သန်းကျော် ၀င်ငွေရှိခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၇ ကနေ ၂၀၁၄ ခုနှစ်အတွင်း ၀င်ငွေရရှိခဲ့တာဖြစ်ပြီး ဖက်ဒရယ် ၀င်ငွေခွန် ပေးဆောင်ခဲ့တဲ့အပေါ် ဇူလိုင် ၃၁ ရက်က သူရဲ့ စည်းရုံးရေး အဖွဲ့က ထုတ်ပြန်လိုက်တာလို့ အေပီသတင်းက ရေးပါတယ်။
ဝင်ငွေအများစုက ဘီလ်ကလင်တန်နဲ့ ၂၀၁၃ နိုင်ငံခြားရေး ၀န်ကြီးအဖွဲ့ကနေ ဟီလာရီ နှုတ်ထွက်ပြီး နောက်ပိုင်း မိန့်ခွန်းပြောဆိုရာကနေ ရရှိထားဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအထဲက ဖက်ဒရယ် အခွန်အတွက် ဒေါ်လာ ၄၄ သန်း ပေးဆောင်ခဲ့ပြီး ၅ သန်းကို လှူဒါန်းခဲ့တယ်လို့ ဟီလာရီကလန်တန်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ၀င်ငွေ ရရှိတဲ့ အသေးစိတ် အခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။
အရင် မေလကလည်း ၂၀၁၄ ခုနှစ်မှာ ကလင်တန်တို့ လင်မယားဟာ ဒေါ်လာ သန်း ၃၀ ကို မိန့်ခွန်းနဲ့ စာအုပ် မူပိုင်ခကနေ ရရှိတယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။