မောင်းသူမဲ့ လေယာဉ်ဖြင့် လူ ၄ ဘီလီယံ အင်တာနက်သုံးနိုင်ရန် ဖေ့စ်ဘွတ်ခ်လုပ်နေ (ရုပ်သံ)

3.3K
ကမ္ဘာတ၀န်းက အင်တာနက် အသုံးမပြုနိုင်တဲ့ လူ ၄ ဘီလီယံ အင်တာနက် အသုံးပြုနိုင်ဖို့ နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့လေယာဉ်တခုကို လူမှုရေးကွန်ရက်ဖေ့စ်ဘွတ်ခ်က လုပ်ဆောင်နေပါတယ်။
မောင်းသူမဲ့လေယာဉ်ကနေ ကြိုးမဲ့ ၀ိုင်ဖိုင် အင်တာနက်စနစ်ကို ထောက်ပံ့သွားမှာဖြစ်ပြီး ၂၀၁၆ လောက်မှာ အကောင်ထည်ဖော်နိုင်မယ်လို့ ဆိုပါတယ်။
မောင်းသူမဲ့လေယာဉ်တောင်ပံဟာ ဘိုအင်း ၇၃၇ လောက် ရှိမှာ ဖြစ်သလို အမြင့်ပေ ၆ ထောင်လောက်မှာ ပျံသန်းမှာ ဖြစ်ပါတယ်။
၁၀ မိုင်ပတ်လည်မှာ ရှိတဲ့သူတွေကို အင်တာနက်အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသွားမှာလည်း ဖြစ်ပါတယ်။
ဇူလိုင်လ နှောင်းပိုင်းမှာပဲ မိုးပျံဘောလုံးတွေလွှတ်တင်ပြီး လူတွေ အင်တာနက်အသုံးပြုနိုင်အောင် စီမံကိန်းတခုကို သိရီလင်္ကာ နိုင်ငံမှာ ဂူဂဲလ်က လုပ်ဆောင်ခဲ့ပါတယ်။
<script data-config="//config.playwire.com/26104/videos/v2/3777709/zeus.json" data-css="//cdn.playwire.com/bolt/js/zeus/skins/default.css" data-height="100%" data-width="100%" src="//cdn.playwire.com/bolt/js/zeus/embed.js" type="text/javascript"></script>