ပြင်သစ်ပိုင် ရီယူနီယံကျွန်းတွင် မီးတောင်ပေါက် (ရုပ်သံ)

3.1K
အိန္ဒိယ သမုဒ္ဒရာထဲက ပြင်သစ်ပိုင် ရီယူနီယံ ကျွန်းပေါ်မှာ ဇူလိုင် ၃၁ ရက်က မီးတောင် ပေါက်ကွဲခဲ့ပါတယ်။
မီးတောင်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၃၀မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ပြင်သစ် အစိုးရက မီးတောင်ရှိရာလမ်းကို ရဟတ်ယာဉ်တွေပါ မသွားရအောင် တားမြစ်ပိတ်ပင်ထား ပါတယ်။
မာဒါကတ်စကား ကျွန်းနိုင်ငံ အရှေ့ဘက်ရှိ ၃၉ မိုင်ရှည်ပြီး ၂၈ မိုင်ကျယ်တဲ့ ဒီကျွန်းမှာ လူ ၈ သိန်းကျော်လောက် နေထိုင်နေသလို ဒီကျွန်းပေါ်မှာ မကြာသေးမီက ပျောက်ဆုံး မလေးရှားလေယာဉ် MH370 က လေယာဉ်တောင်ပံလို့ ယူဆရတဲ့ အစိတ်အပိုင်းကို တွေ့ရှိခဲ့ရပါတယ်။
၁၆၄၀ ခုနှစ်နောက်ပိုင်းကတည်းက ဒီကျွန်းမှာ အရှေ့ဘက်က နှင်းထိပ်တောင်လို့ အမည်ရတဲ့ လှုပ်ရှားနေတဲ့ မီးတောင်တခုဟာ ပေါက်ကွဲတာ အကြိမ် ၁၀၀ ကျော်ရှိသွားပြီ ဖြစ်သလို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက တခါ ပေါက်ကွဲခဲ့ပါသေးတယ်။