A d v e r t i s e m e n t With Us

ကေအိုင်အေနှင့် အစိုးရတပ်အကြား ပြန်လည်ပစ်ခတ်မှုစတင်

ဒီက​နေ့​ မနက်ပိုင်း​ကစလို့​ ည​နေပိုင်း​အထိ ကချင်လွတ်လပ်​ရေး​တပ်မ​တော်နဲ့​ အစိုး​ရတပ်အကြား​ တိုက်ပွဲဖြစ်ပွား​တယ်လို့​ ​ကေအိုင်အိုနဲ့​နီး​စပ်တဲ့​ စစ်​ရေး​အသိုင်း​အဝိုင်း​က ​ပြောပါတယ်။ မိုး​မောက်မြို့​နယ် တပိန်​ရေအား​လျှပ်စစ်စက်ရုံအနီး​မှာ တိုက်ပွဲဖြစ်တာဖြစ်ပြီး​ တပ်မ​တော်ဗိုလ်ကြီး​တဦး​ကို ​ကေအိုင်​အေက သူ့​နယ်​မြေအတွင်း​ ဝင်​ရောက်​ထောက်လှမ်း​တယ်ဆိုတဲ့​ သံသယနဲ့​ဖမ်း​ဆီး​ထား​တဲ့​အ​ပေါ် ပြန်မ​ပေး​လို့​ ဖြစ်တာလို့​ ဆိုပါတယ်။ ကေအိုင်အို တပ်မဟာ (၃) လက်​အောက်ခံ တပ်ရင်း​ (၁၅) နဲ့​ တပ်မ​တော် တပ်ရင်း​နှစ်ရင်း​ အပြန်အလှန်ပစ်ခတ်ကြတာဖြစ်ပြီး​ ည​နေ ငါး​နာရီ​လောက်မှာ တိုက်ပွဲအဆုံး​သတ်တယ်လို့​ တရုတ်-မြန်မာနယ်စပ်အ​ခြေစိုက် စစ်​ရေး​အကဲခတ် ဦး​အောင်​ကျော်​ဇောက ​ပြောပါတယ်။ “မ​နေ့​ညက သူတို့​ ​ထောက်လှမ်း​ရေး​လွှတ်တာ ဗိုလ်ကြီး​ကိုကိုဝင်း​တဲ့​ သူနဲ့​ တပ်သား​တ​ရောက်ကို မိတယ် KIA က မိ​တော့​ ဒီ​ကောင်​တွေက ပြန်​တောင်း​တယ်။ ပြန်လွှဲ​ပေး​ပေါ့​။ KIA က လွှဲမ​ပေး​ဘူး​။ လွှဲမ​ပေး​ဘူး​ဆိုတာ သူက အထက်က သိရင် အဆူခံရမှာကိုး​။ အဲဒီဟာနဲ့​ မနက်က ဝင်ပြီး​တိုက်တယ်။ တပ်ရင်း​ ၂ ရင်း​လောက် ​ပေါင်း​ပြီး​တိုက်တယ်။ အဲဒီ​တော့​ သူတို့​ ​မှောက်သွား​တယ်။ လူ ၃ ​ယောက်​သေပြီး​ ၁၁ ​ယောက် ဒဏ်ရာရတယ်။ ည​နေ ၅ နာရီ ၁၅ မှာ​တော့​ အဲဒီ ​မြောက်ပိုင်း​မှာ ​မြောက်ပိုင်း​တိုင်း​နဲ့​ KIA က ကိုယ်စား​လှယ် အဖွဲ့​တွေ ညှိုနှိုင်း​ပြီး​တော့​ သူတို့​ ဗိုလ်ကြီး​ကိုကိုဝင်း​နဲ့​ အဲဒီ မိထား​တဲ့​ ​ကောင်​လေး​ တ​ကောင်ကို ပြန်လွှဲ​ပေး​လိုက်တယ်။” ဒီသတင်း​နဲ့​ပတ်သက်လို့​ နှစ်ဘက်အဖွဲ့​အစည်း​တွေက သတင်း​ထုတ်ခြင်း​ မရှိ​သေး​သလို ဆက်သွယ်​မေး​မြန်း​လို့​ မရ​သေး​ပါဘူး​။ ကချင်လွတ်လပ်​ရေး​အဖွဲ့​ဟာ စစ်အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​လုပ်ခဲ့​ပြီး​ လွန်ခဲ့​တဲ့​နှစ်ပိုင်း​က အစိုး​ရဘက်က နယ်ခြား​စောင့်​တပ် မြန်မြန်ဖွဲ့​ဖို့​ ​တောင်း​ဆိုချက်ကို လက်မခံဘူး​လို့​ ငြင်း​ဆန်အပြီး​ နှစ်ဘက်အ​ခြေအ​နေ တင်း​မာ​နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up