ဗိုလ်ကြီးဟောင်း နေမျိုးဇင် ရုံးပြန်ချိန်း
DVB
·
June 10, 2011
အန်အယ်လ်ဒီလူငယ်တွေနဲ့အတူ သွေးကူညီပေးနေတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ဒီကနေ့ အင်းစိန်ထောင်တွင်း တရားရုံးမှာ ရုံးထုတ်ပြီး သက်သေတွေ မလာရောက်လို့ နောက်လာမယ့် ၁၆ ရက်နေ့ကို ပြန်လည်ရုံးချိန်းလိုက်တယ်လို့ ကိုနေမျိုးဇင်ရဲ့ ဖခင် ဦးငွေဇင်က ပြောပါတယ်။
ကိုနေမျိုးဇင်ကို သက်ဆိုင်ရာက စစ်ဆေးရာမှာ သူပိုင်ကွန်ပျူတာထဲက ရေးတဲ့စာထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးကို အကြောင်းပြုပြီး အီလက်ထရောနစ်ပုဒ်မနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ သက်သေ (၉) ဦးအနက် (၆) ဦးကို စစ်ဆေးပြီးဖြစ်ပါတယ်၊
ကိုနေမျိုးဇင်ဟာ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပထမဆုံး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ နိုင်ငံရေး အချုပ်သားတဦး ဖြစ်ပါတယ်။