မန်စီးတီး တိုက်စစ်မှူး ဂျိုဗက်တစ် အင်တာရောက်

1.3K
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာစီးတီး ရှေ့တန်း တိုက်စစ်မှူး စတီဗန် ဂျိုဗက်တစ်ကို အီတလီစီးရီးအေ အင်တာမီလန်အသင်းက ခေါ်ယူလိုက်ပါတယ်။
သဘောတူညီချက်နဲ့ ပတ်သက်ပြီး ၂ ဖက်အသင်း ထုတ်ပြန်ချက်တွေက ကွဲလွဲမှုတွေ ရှိနေပါတယ်။
စီးတီးကတော့ အသက် ၂၅ နှစ် ဂျိုဗက်တစ်ဟာ တနှစ်ခွဲအဌားစာချုပ်နဲ့ အမြဲတမ်းခေါ်ယူနိုင်မယ် အခြေအနေကို စာချုပ်မှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
အင်တာမီလန်က ၂၀၁၉ ဇွန် ၃၀ အထိ ခေါ်ယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
“အင်တိုက်အားတိုက်ရှိတဲ့ ရှေ့တန်းသမား ဂျိုဗက်တစ်က ကျနော်တို့ တိုက်စစ်ကို ပိုမို အားကောင်းစေမှာ ဖြစ်ပါတယ်”လို့ အင်တာ ဥက္ကဋ္ဌက ပြောပါတယ်။
၂၀၁၃ ခုနှစ်မှာ ဂျိုဗက်တစ်ကို ဖီအိုရင်တီးနားကနေ ပေါင် ၂၂ သန်းနဲ့ မန်စီးတီးကို ရောက်ရှိလာတာ ဖြစ်ပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်နေရသလို ၄၄ ပွဲမှာ ၁၁ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။