A d v e r t i s e m e n t With Us

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ရုံးပြန်ချိန်း

အန်အယ်လ်ဒီလူငယ်​တွေနဲ့​အတူ ​သွေး​ကူညီ​ပေး​နေတဲ့​ ဗိုလ်ကြီး​ဟောင်း​နေမျိုး​ဇင်ကို ဒီက​နေ့​ အင်း​စိန်​ထောင်တွင်း​ တရား​ရုံး​မှာ ရုံး​ထုတ်ပြီး​ သက်​သေ​တွေ မလာ​ရောက်လို့​ ​နောက်လာမယ့်​ ၁၆ ရက်​နေ့​ကို ပြန်လည်ရုံး​ချိန်း​လိုက်တယ်လို့​ ကို​နေမျိုး​ဇင်ရဲ့​ ဖခင် ဦး​ငွေဇင်က ​ပြောပါတယ်။ ကို​နေမျိုး​ဇင်ကို သက်ဆိုင်ရာက စစ်​ဆေး​ရာမှာ သူပိုင်ကွန်ပျူတာထဲက ​ရေး​တဲ့​စာထဲမှာ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ဆိုတဲ့​ စကား​လုံး​ကို အ​ကြောင်း​ပြုပြီး​ အီလက်ထ​ရောနစ်ပုဒ်မနဲ့​ တရား​စွဲဆိုထား​တာဖြစ်ပါတယ်။ သက်​သေ (၉) ဦး​အနက် (၆) ဦး​ကို စစ်​ဆေး​ပြီး​ဖြစ်ပါတယ်၊ ကို​နေမျိုး​ဇင်ဟာ သမ္မတဦး​သိန်း​စိန်လက်ထက်မှာ ပထမဆုံး​ ဖမ်း​ဆီး​စစ်​ဆေး​ခံ​နေရတဲ့​ နိုင်ငံ​ရေး​ အချုပ်သား​တဦး​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up