A d v e r t i s e m e n t With Us

ရှမ်းရွှေ့ပြောင်းလုပ်သားများကို နေရာမှ ဖယ်ရှားခိုင်း

ထိုင်း​နိုင်ငံ ချင်း​မိုင်ခရိုင်ထဲမှာ တရား​မဝင် ​မြေကွက်ဝယ်ယူပြီး​ ​နေထိုင်ခဲ့​တဲ့​ ရှမ်း​ရွှေ့​ပြောင်း​အလုပ်သမား​တွေရဲ့​ ​နေအိမ် နဲ့​ ​မြေကွက်​တွေကို ဖယ်​ပေး​ဖို့​ ထိုင်း​အာဏာပိုင်​တွေက သတိ​ပေး​ပြောကြား​လိုက်ပါတယ်။ ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​ ​မြောက်ဘက် ၂၆ ကီလိုမီတာ အကွာအ​ဝေး​မှာရှိတဲ့​ ​နောင်ဖိုင့်​ရွာက ​နေအိမ်​တွေကို ၄ လအတွင်း​ အပြီး​ဖျက်ပြီး​ ​ပြောင်း​ရွှေ့​သွား​ဖို့​ သက်ဆိုင်ရာ ထိုင်း​အာဏာပိုင်​တွေက ဒီက​နေ့​မနက်မှာ လာပြီး​ ​ပြောကြား​ခဲ့​တာပါ။ အဲဒီရွာက ​မြေကွက်​တွေကို ​တောင်​ပေါ်သား​ လက်မှတ်ကိုင်​ဆောင်သူ ရှမ်း​ရွှေ့​ပြောင်း​အလုပ်သမား​တွေက လွန်ခဲ့​တဲ့​ ၄ နှစ်​လောက်ကတည်း​က စပြီး​ ဝယ်ယူခဲ့​ပါတယ်။ အိမ်ရာ​ဆောက် အတည်တကျ ​နေထိုင်​နေကာမှ ဥပ​ဒေနဲ့​ မညီညွတ်ဘူး​ဆိုပြီး​ တရာနီး​ပါး​လောက်ရှိတဲ့​ အိမ်​ခြေ​တွေကို ​ရွှေ့​ပြောင်း​ခိုင်း​ခဲ့​တာ ဖြစ်ပါတယ်။ အိမ်ဖယ်​ပေး​ရမယ့်​ ရွာသား​တ​ယောက်က “သူတို့​ပြောတာ ကိုယ့်​ဟာကိုယ်ဖျက်တဲ့​။ မဖျက်ရင် သူတို့​ လာဖျက်​ပေး​မယ်။ ကျ​နော်တို့​က ဖျက်ပြီး​ရင် ဘယ်မှာသွား​နေမလဲ ကျ​နော်တို့​က ​နေတဲ့​နေရာ မရှိဘူး​လို့​။ ပိုက်ဆံ​တွေ ရှုံး​သွား​တာ အိမ်လာ​ဆောက်တဲ့​ အိမ်​တွေ အကုန်လုံး​ဆုံး​တယ်။ ခန့်​မှန်း​ တသိန်း​ကျော်​လောက်။” အဓိက ပြဿနာက​တော့​ အလုပ်သမား​တွေက ထိုင်း​နိုင်ငံရဲ့​ ​မြေရာပိုင်ဆိုင်ခြင်း​ ဥပ​ဒေ​တွေကို နား​မလည်တာဖြစ်ပြီး​ ထိုင်း​နိုင်ငံသား​စစ်စစ်မဟုတ်ရင် ​မြေကွက်ဝယ်ခွင့်​ မရှိတဲ့​အပြင် အဲဒီ​မြေကွက်​တွေထဲမှာမှ ခြံ​မြေဥယျာဉ်လုပ်ငန်း​အတွက် သတ်မှတ်ထား​တဲ့​ ​မြေဆိုရင် အိမ်​ဆောက်ခွင့်​မရှိဘူး​လို့​ ချင်း​မိုင်အ​ခြေစိုက် ​ရွှေ့​ပြောင်း​အလုပ်သမား​ပညာ​ပေး​အဖွဲ့​ မက်​ဖောင်​ဒေး​ရှင်း​က ကိုစိုင်း​စွမ်မိုင်း​က ​ပြောပါတယ်။ ငွေလိုချင်တဲ့​ ထိုင်း​ဒေသခံနဲ့​ ရွာသူကြီး​တွေရဲ့​ လိမ်ညာ​ရောင်း​စား​မှုကို ခံရတာလို့​ ဆိုပါတယ်။ “တကယ်လို့​ ထိုင်း​နိုင်ငံသား​အဟုတ်ဘူး​ဆိုရင် ထိုင်း​နိုင်ငံရဲ့​ ဥပ​ဒေအရ​ပေါ့​နော် လုံး​ဝ ဝယ်ပိုင်ခွင့်​ မရှိပါဘူး​။ ခြံ​တွေ ယာ​တွေ လုပ်စား​လို့​ပဲ ရတယ်။ အိမ်​ဆောက်ပြီး​တော့​ ​နေလို့​ မရဘူး​။ ပြီး​တော့​ အလုပ်သမား​တွေကလည်း​ မဝယ်ခင်တုန်း​က ဥပ​ဒေပိုင်း​ဆိုင်ရာ​ပေါ့​ မသိကြ​တော့​ သူတို့​ကလည်း​ ဝယ်ကြတာ​ပေါ့​။ ​ရောင်း​တဲ့​လူကလည်း​ ပိုင်ရှင်လို့​ သ​ဘော​ပြောရမှာ​ပေါ့​။ အဲဒီအထဲမှာ ရွာသူကြီး​တွေ ပြီး​တော့​ ဥက္ကဋ္ဌ​တွေ အပါအဝင်​ပေါ့​။ ပွဲစား​တွေ ဘာ​တွေလည်း​ ရှိ​သေး​တယ်။ အဲဒီပွဲစား​တွေကမှ တဆင့်​ပြီး​တဆင့်​ ​တောင်​ပေါ်သား​ကတ် ရှိတဲ့​လူ​တွေ​ကော အလုပ်သမား​ကတ် ရှိတဲ့​လူ​တွေ​ကော ​ရောင်း​ပေး​မယ်​ပေါ့​။ တကွက်ကို ၂ ​သောင်း​က​နေ ၄ ​သောင်း​အထိ အလုပ်သမား​တွေကလည်း​ သတင်း​ကြား​တော့​ ပိုက်ဆံရှိတဲ့​လူ​တွေက ဝယ်ပြီး​တော့​ အိမ်​တွေဘာ​တွေ ​ဆောက်ပြီး​ ​နောက်ပိုင်း​ကျမှ ပြဿနာက ဖြစ်လာတာ။ တိုက်​တွေဘာ​တွေ ​ဆောက်ထား​တာ ပြီး​စီး​ကုန်ပြီ။” ထိုင်း​အာဏာပိုင်​တွေက ဒီ​မြေကွက်အ​ရောင်း​အဝယ်ကိစ္စမှာ ပါဝင်ပတ်သက်​နေတဲ့​ ရွာလူကြီး​တွေကို ​ခေါ်ယူစစ်​မေး​နေပါတယ်။ ဒီ​နောင်ဖိုင့်​ရွာက အိမ်​တွေဖယ်​ပေး​ခိုင်း​တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး​ ၂၀၀၉ ခုနှစ်တုန်း​က တ​ခေါက် ဖယ်ခိုင်း​ခဲ့​ပါ​သေး​တယ်။ အဲဒီတုန်း​က​တော့​ ရွာသား​တွေအ​နေနဲ့​ ချက်ချင်း​ပြောင်း​ရွှေ့​ဖို့​ မဖြစ်နိုင်​သေး​ကြောင်း​ လူမှုဖွံ့​ဖြိုး​ရေး​နဲ့​ လူသား​ရင်း​မြစ်ဆိုင်ရာအဖွဲ့​၊​ အလုပ်သမား​ အဖွဲ့​တွေက ​ခေတ္တဆိုင်း​ငံ့​ပေး​ဖို့​ အသနား​စာတင်​ပေး​ခဲ့​တဲ့​အတွက် အခုထိ​နေ ​နေကြတာပါ။ ဒီတ​ခေါက်မှာ ဥပ​ဒေအတိုင်း​ လိုက်နာ​ဆောင်ရွက်ပါ့​မယ်လို့​ ရွာသား​တွေကို အာဏာပိုင်​တွေက ကတိဝန်ခံချက် လက်မှတ်ထိုး​ခိုင်း​သွား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up