ဝေါလ်ကော့ ကို အာဆင်နယ်က ၄ နှစ်သက်တမ်းတိုး
အင်္ဂလန်ပရီးမီးယားလိဂ်က အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး သီယို ဝေါလ်ကော့ကို ၄ နှစ်သက်တမ်း စာချုပ်သစ်တရပ်ကို ချုပ်ဆိုလိုက်ပါတယ်။
တပတ်လုပ်ခလစာ ပေါင် ၁ သိန်း ၄ သောင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။ အာဆင်နယ်အတွက် ပွဲပေါင်း ၂၀၈ပွဲမှာ ဂိုး ၅၀ သွင်းထားပေးထားပါတယ်။
အသက် ၂၆ နှစ် ဝေါလ်ကော့ဟာ ၂၀၀၆ ခုနှစ် ဆောက်သင်တန်ကနေ ပေါင် ၁၂.၅ သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
ဒါအပြင် အာဆင်နယ်အသင်းဟာ အသက် ၃၀ နှစ် စပိန်ကစားသမား ဆန်တီကာဇိုလာကိုလည်း သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။