A d v e r t i s e m e n t With Us

နောက်ပြောင်းမည့် ကလပ်ကို သိပါက အံ့သြမည်ဟု အီဗရာဟင်မိုဗစ် ပြော

ပြင်သစ်လိဂူးက ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) မှာ ကစားနေတဲ့ ဇာလတန် အီဗရာဟင်မိုဗစ်က နောက်ပြောင်းရွှေ့မယ့်အသင်းကို သိရင် အံ့သြသွားမယ်လို့ ပြောပါတယ်။ လာမယ့်နွေရာသီ စာချုပ် သက်တမ်းကုန်ရင် အမေရိကန်ပြည်ထောင်စု မေဂျာလိင်္ဂကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ လက်ရှိအချိန်မှာတော့ အသင်းမှာ ပျော်နေသလို အနာဂတ်မှာ ကစားမယ့် ကလပ်ကို ဘယ်သူမှ မခန့်မှန်းနိုင်ဘူးလို့ မိုဗစ်က ပြောပါတယ်။ “နောက်ကလပ်ပြောင်းရင်တော့ တကယ့်ကို အံ့သြသွားပါလိမ့်မယ်၊ အခြေအနေတွေက ပိုကောင်းလာပါတယ်” လို့ သူက ပြောပါတယ်။ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့အတွက် နောက်ဆုံးနှစ်ထဲကို ၀င်ရောက်လာတဲ့ အချိန်မှာ သူက အခုလို ပြောဆိုလိုက်ပါတယ်။ အမေရိကန် ချီကာဂိုမှာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မိုဗစ်က ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up