A d v e r t i s e m e n t With Us

ရထားပေါ်ဗုံးခွဲမှုသည် ကေအန်ယူ၏ ခိုင်းစေချက်ဟု စွပ်စွဲ

နေပြည်​တော်အနီး​ ရထား​ပေါ်မှာ ခရီး​သည်​တွေ ​သေဆုံး​ဒဏ်ရာရတဲ့​ ဗုံး​ဖောက်ခွဲမှု တရား​ခံကို ဖမ်း​ဆီး​ရမိပြီဖြစ်ပြီး​ ဒါဟာ ​ကေအန်ယူရဲ့​ ခိုင်း​စေချက်ပါလို့​ မြန်မာအစိုး​ရက သတင်း​ထုတ်ပြန်လိုက်ပါတယ်။ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) က​တော့​ ဒါဟာ သူတို့​လက်ချက် မဟုတ်သလို သူတို့​ခိုင်း​စေချက်လည်း​ မဟုတ်ပါဘူး​လို့​ ​ပြောကြား​ပါတယ်။   အရင်လ ၁၈ ရက်တုန်း​က ​နေပြည်​တော်ဘူတာကြီး​အလွန်မှာ ရန်ကုန်-မန္တ​လေး​ အဆန်ရထား​ပေါ်မှာ ဗုံး​တလုံး​ပေါက်ကွဲလို့​ ခရီး​သည်နှစ်ဦး​ ​သေဆုံး​ပြီး​ ကိုး​ဦး​ ဒဏ်ရာရ တယ်လို့​ အစိုး​ရက သတင်း​ထုတ်ပြန်ခဲ့​ပါတယ်။ ဗုံး​ဖောက်ခွဲတဲ့​ တရား​ခံဟာ ကရင်ပြည်နယ် သံ​တောင်မြို့​နယ် လိပ်သိုရာဒို ​ကျေး​ရွာအုပ်စု ဒဝါ​လော်ချီး​ရွာက ​ကျော်ဒီ(​ခေါ်) မာရီနို ဖြစ်ပြီး​ ဖမ်း​ဆီး​ရမိထား​ပြီလို့​ ကြာသပ​တေး​နေ့​ထုတ် အစိုး​ရသတင်း​စာမှာ ​ဖော်ပြပါတယ်။ ဒီရွာသား​ဟာ ​ကေအန်ယူရဲ့​ ခိုင်း​စေချက်အရ ဗုံး​ဖောက်ခွဲခဲ့​တာပါလို့​ ဝန်ခံထွက်ဆိုတယ်လို့​လည်း​ သတင်း​မှာ ​ဖော်ပြထား​ပါတယ်။ ဒီရွာသား​ဟာ လွန်ခဲ့​တဲ့​သုံး​နှစ်က ​ကေအန်ယူမှာ မိုင်း​ထောင်သင်တန်း​ နှစ်ပတ်ကြာ တက်​ရောက်ခဲ့​တယ်လို့​ ဆိုပါတယ်။ အဲဒီ​နောက် ​ကေအန်ယူ တပ်မဟာ ၂ တပ်ရင်း​ ၅ က ခိုင်း​စေချက်အရ ခုလို ဗုံး​ဖောက်ခွဲတာလို့​ ဆိုပါတယ်။ မေလ ၁၈ ရက်မှာ ရထား​တွဲအမှတ်သုံး​ပေါ်မှာ ဗုံး​ထောင်ခဲ့​ပြီး​ ရထား​ပေါ်က​နေ ခုန်ဆင်း​သွား​တယ်ဆိုတဲ့​သူကို ​မေလ ၂၉ ရက်မှာ ဖမ်း​ဆီး​ရမိတယ်လို့​ အစိုး​ရသတင်း​က ဆိုပါတယ်။ အစိုး​ရသတင်း​ဖော်ပြချက်နဲ့​ပတ်သက်လို့​ ​ကေအန်ယူ ပြန်ကြား​ရေး​တာဝန်ခံ ပဒို ​စောလှ​ငွေက အခုလို တုံ့​ပြန်​ပြောကြား​ပါတယ်။ “ကျ​နော်တို့​က​တော့​ ဗုံး​သင်တန်း​တွေ ​ပေး​ပြီး​တော့​ အတွင်း​ကို သွား​ဗုံး​ဖောက်ဖို့​ အတွက် ညွှန်ကြား​ထား​တာ မရှိဘူး​။ အဲဒီအလုပ်ကို ကျ​နော်တို့​ မလုပ်ဘူး​လို့​ ​ပြောထား​ပြီး​ပြီ။ သူတို့​ ဖန်တီး​ပြီး​တော့​ လုပ်လို့​ ရတာ​တွေ အများ​ကြီး​ရှိပါတယ်။ အဲဒီလိုပဲ သူတို့​ စွပ်စွဲပြီး​တော့​ သင်္ကြန်တွင်း​ ဗုံး​ဖောက်တဲ့​ ကိစ္စ​တွေတုန်း​ကလည်း​ ထိုနည်း​လည်း​ကောင်း​ပဲ မီရာ​တွေကို ဆွဲပြီး​တော့​ သူတို့​က​တော့​ ဒီလိုပဲ အတင်း​ဝန်ခံခိုင်း​ ပြီး​တော့​ လုပ်​နေကြတာပဲ။ အစဦး​ကတည်း​က ကျ​နော်တို့​ ငြင်း​ပယ်ပါတယ်။ ကျ​နော်တို့​ မခိုင်း​စေခဲ့​ပါဘူး​။” ပဒို​စောလှ​ငွေ ရည်ညွှန်း​သွား​တဲ့​ သင်္ကြန်ဗုံး​ပေါက်မှုက​တော့​ မနှစ်က ရန်ကုန် သင်္ကြန်မဏ္ဍပ် ဗုံး​ပေါက်ကွဲမှု​ကြောင့်​ လူ​သေဆုံး​မှုဖြစ်ပါတယ်။ အဲဒီတုန်း​က လူ ၈ ဦး​ ​သေ ဆုံး​ပြီး​ ၁၇၀ ဒဏ်ရာရတယ်လို့​ အစိုး​ရက ထုတ်ပြန်ခဲ့​ပါတယ်။ ဗုံး​ပေါက်ကွဲမှုအတွက် အတိုက်အခံ​တွေကို စွပ်စွဲပြီး​ မသင်္ကာသူ​တွေကို ဖမ်း​ဆီး​ခဲ့​ပေမယ့်​ စီရင်ချက်ချရာမှာ​တော့​ ဗုံး​ပေါက်ကွဲမှုနဲ့​ မပတ်သက်တဲ့​ ဥပ​ဒေပုဒ်မ​တွေနဲ့​ စီရင်ချက်ချခဲ့​တာပါ။

A d v e r t i s e m e n t With Us

More News
Up