ဖိလစ်ပိုင်တွင် ငလျင်ဘေး အတွက် ပြင်ဆင်လေ့ကျင့် (ရုပ်သံ)

825
ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ ထောင်သောင်းချီတဲ့ နိုင်ငံသားတွေ၊ ကုန်တိုက်တန်းတွေ၊ ရုံးတွေနဲ့ အများပိုင် အဆောက်အဦတွေထဲကနေ ပြေးထွက်လာတာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က မြင်ရပါတယ်။
ငလျင်လှုပ်ရင် ကျင့်သုံးရမယ့် လေ့ကျင့်ခန်းအတွင်း မီးသတ်ကားတွေက ဥသြဆွဲပြီး စစ်ရဟတ်ယာဉ်တွေက မြို့တော်မှာ ပျံဝဲနေပါတယ်။
မနီလာမြို့ အနောက်ဘက် တောင်ကြားက ကျောက်လွှာပြတ်ရွေ့ကြီးကြောင့် ပြင်းအား ရစ်ခ်ျတာစကေးလ် ၇ ဒသမ ၂ ရှိတဲ့ ငလျင်လှုပ်ခဲ့ရင် အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်နေခဲ့တာပါ။
တကယ်လို့ ငလျင်လှုပ်ခဲ့ရင် လူဦးရေ ၃ သောင်း ၈ ထောင် သေဆုံးနိုင်ပြီး အခြေခံ အဆောက်အဦတွေနဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၅ ဒသမ ၆၂ ဘီလီယံ ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကယ်ဆယ်ရေးသမားတွေက အမြန်ဝင်လာပြီး ကယ်ဆယ်ပုံကို အချိန် ၁ နာရီကျော်ကြာ လေ့ကျင့်ခဲ့ပါတယ်။
မြစ်ဘေးနေရပ်ကွက်ထဲမှာ ကယ်ဆယ်ရေးသမားတွေက စက်ကြီးတွေကိုသုံးပြီး ပြိုကျ အဆောက်အဦတွေထဲမှာ ပိတ်မိနေတဲ့လူတွေ ကယ်ထုတ်ပုံကို လေ့ကျင့်သလို စစ်သားတွေကလည်း စစ်ရဟတ်ယာဉ်တွေကို သုံးပြီး လေကြောင်းကနေ သယ်ယူကယ်တင်ပုံ လေ့ကျင့်ပါတယ်။
ဖိလစ်ပိုင်ဟာ မီးတောင်နဲ့ ငလျင် လှုပ်ရှားမှုတွေအတွက် လူသိများတဲ့ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ကမ္ဘာ့အဓိကကျောက်လွှာချပ်ကြီးတခု အနားမှာ တည်ရှိပါတယ်။
၂၀၁၄ ကမ္ဘာ့ရာသီဥတုကပ်ဘေး အညွှန်းကိန်းကတော့ ဖိလစ်ပိုင်ကို အစွန်းရောက် မိုးလေဝသဆိုင်ရာ ဖြစ်စဉ်တွေကြောင့် ၇ နိုင်ငံမြောက် ကပ်ဘေးသင့်ခံရဆုံးနိုင်ငံအဖြစ် အဆင့် သတ်မှတ်ခဲ့ပါတယ်။