ကွန်ချောင်းဆည်အနီးရှိ ကျေးရွာများ အရေးပေါ်ပြောင်းရွှေ့ (ဓာတ်ပုံ)
DVB
·
July 31, 2015
ဧရာဝတီတိုင်းဒေသကြီး ၊ ကြံခင်းမြို့နယ်ရှိ ကွန်ချောင်းဆည်မှာ မိုးများလို့ ရခိုင်ရိုးမဘက်ကနေ စီးဆင်းလာတဲ့ တောင်ကျချောင်းရေ တဟုန်ထိုး စီးလာရင် ရေလျှံမှာ စိုးရိမ်တာကြောင့် ကွန်ချောင်းဆည်အနီးရှိ ရွာတွေဖြစ်တဲ့ အလုံ သစ်ဆိမ့်ကိုင်း၊ ပင်ကတိုင်း၊ ဝန်ထောက်ကွင်း၊ သုံးတဲစု၊ ကွမ်းအစ်ကုန်း၊ ရေလယ်ကျင်း၊ ဂွေးချို ၊ သာပေါင်းစတဲ့ ရွာတွေရှိဒေသခံတချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့  နေကြပြီ ဖြစ်ပါတယ်။
သစ်ဆိမ့်ကိုင်းရွာကသူတွေကတော့တပ်ခုံဘုန်းတော်ကြီးကျောင်းကိုပြောင်းရွှေ.လာနေကြပြီဖြစ်ပါတယ်။ဘက်ရဲမြို့အထက်တန်းကျောင်းနဲ့ အလုံရွာ အလယ်တန်းကျောင်းတို့ကိုလည်း အခုလ၂၉ရက်နေ့ကတည်းက ယာယီပိတ်ထားတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ဓာတ်ပုံ - ကျော်ဇေယျ (ကြံခင်း)