A d v e r t i s e m e n t With Us

ပြည်သူများ လွတ်လပ်သည့် လွတ်လပ်ရေးကို မရရအောင်ယူကြရမည်

ပြည်သူလူထု​တွေ လွတ်လပ်တဲ့​ လွတ်လပ်​ရေး​ကို မရရ​အောင် ယူကြရမယ်လို့​ လွတ်လပ်​ရေး​ တိုက်ပွဲဝင် သခင်နိုင်ငံ​ရေး​သမား​တွေက တိုက်တွန်း​ လိုက်ကြပါတယ်။ ရန်ကုန်မြို့​၊​ မရမ်း​ကုန်း​မြို့​နယ် ​ချော်တွင်း​ကုန်း​မှာရှိတဲ့​ သခင်သိန်း​ဖေရဲ့​ ​နေအိမ်မှာ ဒီ​နေ့​ ကျင်း​ပတဲ့​ သခင်သိန်း​ဖေရဲ့​ (၉၅) နှစ်ပြည့်​ ​မွေး​နေ့​မှာ မြန်မာပြည် လွတ်လပ်​ရေး​သမိုင်း​မှာ အစဉ်အလာကြီး​တဲ့​ ဒို့​ဗမာအစည်း​အရုံး​ဝင် သခင်​တွေက အခုလို ​ပြောလိုက်တာပါ။ သခင်သိန်း​ဖေက “​ပြောချင်တာက​တော့​ လူထုလွတ်လပ်တဲ့​ လွတ်လပ်​ရေး​ကို​တော့​ မရရ​အောင် ယူကြရမယ် ဒါပါပဲ” လို့​ ​ပြောပါတယ်။ သခင်သိန်း​ဖေဟာ သက်ရှိထင်ရှား​ သခင်နိုင်ငံ​ရေး​သမား​တွေထဲမှာ အသက်အကြီး​ဆုံး​ဖြစ်သလို၊​ နိုင်ငံ​ရေး​ဩဇာကြီး​သူလည်း​ ဖြစ်ပါတယ်။ ဒီ​နေ့​ ​မွေး​နေ့​အခမ်း​အနား​ကို လုပ်​ဖော်ကိုင်ဖက်ဝါရင့်​ နိုင်ငံ​ရေး​သမား​တွေ၊​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင်​တွေ၊​ ​ရွေး​ကောက်ပွဲဝင်ခဲ့​တဲ့​ပါတီတချို့​ ​ခေါင်း​ဆောင်​တွေ၊​ ၈၈ မျိုး​ဆက်သစ်လူငယ်​တွေ စုံစုံညီညီ တက်​ရောက်ကြပါတယ်။ သခင်သိန်း​ဖေရဲ့​ ​မွေး​နေ့​ပွဲကို ​ရောက်လာတဲ့​ အသက် (၉၃) နှစ်အရွယ် သခင်သိန်း​မောင်က ဒုတိယ လွတ်လပ်​ရေး​ တိုက်ပွဲဟာ ခက်ခဲကြမ်း​တမ်း​ပေမယ့်​ ညီညွတ်မှုအင်အား​နဲ့​ ​အောင်ပွဲရမှာပါလို့​ အခုလို ​ပြောပါတယ်။ “ဒီတိုင်း​ပြည်ရဲ့​ ဒီအ​နေအထား​က ကိုယ်နိုင်မယ်လို့​ပဲ တွက်တယ်ဗျာ။ တိုင်း​ပြည်ရဲ့​ အခုတိုက်ပွဲ​တွေမှာ စုစု​ဝေး​ဝး​ ညီညီညွတ်ညွတ်နဲ့​ တိုက်​နေကြတာက တ​ကြောင်း​၊​ ဒီတိုက်ပွဲက ကိုယ်ကနိုင်မယ့်​ တိုက်ပွဲလို့​ အဲဒီလိုပဲ ယူဆပါတယ်ခင်ဗျ။ ဒီလို ပန်း​တိုင်း​ကို မ​ရောက်မချင်း​ စုစု​ဝေး​ဝေး​နဲ့​ တိုက်​နေကြတာ​ကြောင့်​ ကိုယ်နိုင်မယ့်​တိုက်ပွဲနဲ့​ တိုက်​နေတယ်လို့​ ​ပြောတာပါ။ ဟိုတုန်း​က တိုက်ပွဲနဲ့​ အခုတိုက်ပွဲက အခုတိုက်ပွဲက ပိုပြီး​တော့​ ပြင်း​ထန်ပြီး​တော့​ ကြမ်း​တမ်း​တယ်​ပေါ့​။ ဆို​တော့​ ဒီ​လောက်ပဲ ပြင်း​ပြင်း​ထန်ထန် ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖြစ်​စေကာမူ ​အောင်ပွဲကို​တော့​ ရယူနိုင်မှာပါ။” ဒီ​နေ့​ ​မွေး​နေ့​အခမ်း​အနား​ကို ​ဒေါ်​အောင်ဆန်း​စုကြည် တက်​ရောက် မလာ​ပေမယ့်​ အဖွဲ့​ချုပ် ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​ အပါအဝင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင်​တော်​တော်များ​များ​ တက်​ရောက်လာခဲ့​ကြပါတယ်။ “သခင်ကြီး​တွေက သူတို့​မှာရှိတဲ့​ အ​တွေ့​အကြုံနဲ့​ ပတ်သက်တာ​တွေက​တော့​ သူတို့​ ​တွေ့​တိုင်း​ ​ပြောတာဆိုတာ လုပ်တာကိုင်တာ​တွေ ရှိ​နေ​တော့​ တက်တက်ကြွကြွပဲဗျ။ သူတို့​စိတ်​တွေက အခုထက်ထိ အ​တော်ပြန်ပြီး​တော့​ ငယ်ပြီး​တော့​ ဒီ ​နောင်လာ​နောင်သား​တွေနဲ့​ ပတ်သက်လို့​ သူတို့​ အ​တွေ့​အကြုံ​တွေ အမှား​တွေ​ပေါ့​ဗျာ အမှန်​တွေ​ပေါ့​ ဘယ်ဟာ​တွေ လုပ်သင့်​တယ် ဘယ်ဟာ​တွေ မလုပ်သင့်​ဘူး​ ဆိုတာ​တွေ​တော့​ သူတို့​မှာ ဖြတ်သန်း​လာတဲ့​ အ​တွေ့​အကြုံ​တွေ အင်မတန်မှပဲ အဖိုး​တန်ခဲ့​တာကိုဗျ။ သခင်သိန်း​ဖေနဲ့​တကွ အား​လုံး​ သခင်ကြီး​တွေ​ရော အစဉ်အလာ ရှိတဲ့​ နိုင်ငံ​ရေး​သမား​ အား​လုံး​ သက်​တော်ရာ​ကျော် ရှည်ကြပါ​စေလို့​ပဲ ကျ​နော်က ဒီ​နေ့​အထိ ဆု​တောင်း​နေတာပဲ။ သူတို့​ သက်​တော်ရာ​ကျော် ရှည်တာနှင့်​အမျှ သူတို့​ရဲ့​ စိတ်ဓာတ်​စေတနာ​တွေနဲ့​ အ​တွေ့​အကြုံ​တွေက အား​လုံး​ ကျ​နော်တို့​ အ​ပေါ်မှာ ​ပေါင်း​စပ်ပြီး​ သင်ခန်း​စာ​တွေ ရပါတယ် ခင်ဗျ။” မွေး​နေ့​ပွဲအခမ်း​အနား​ကို တက်​ရောက်လာတဲ့​ ရခိုင်တိုင်း​ရင်း​သား​ခေါင်း​ဆောင် တ​ယောက်ဖြစ်တဲ့​ ဦး​အေး​သာ​အောင်က သခင်သိန်း​ဖေနဲ့​ ဝါရင့်​သခင်​တွေရဲ့​ မြန်မာနိုင်ငံ​ရေး​မှာ ပါဝင်​နေတဲ့​ အခန်း​ကဏ္ဍကို အခုလို​ပြောပါတယ်။ “အထူး​သဖြင့်​ အိုမင်း​မစွမ်း​ဆိုတဲ့​ စကား​ရှိပါတယ်။ အိုလာပြီဆိုရင် မစွမ်း​ဆောင်​တော့​ဘူး​။ ဒါ​ပေမယ့်​ သခင်သိန်း​ဖေလို ပုဂ္ဂိုလ်က အို​ပေမယ့်​လည်း​ပဲ တက်စွမ်း​နိုင်တဲ့​ ပုဂ္ဂိုလ်တ​ယောက် အဖြစ်နဲ့​ ဂုဏ်ယူမဆုံး​ ဖြစ်ရတဲ့​ အ​ကြောင်း​ကို ​ပြောကြား​လိုပါတယ်။” ဒို့​ဗမာ အစည်း​အရုံး​ဝင် သခင်နိုင်ငံ​ရေး​သမား​တွေဟာ လွတ်လပ်​ရေး​ခေတ်မှာ နယ်ချဲ့​ဆန့်​ကျင်​ရေး​၊​ ဖက်ဆစ်ဆန့်​ကျင်​ရေး​လှုပ်ရှား​မှု တိုက်ပွဲ​တွေမှာ အသက်စွန့်​ ပါဝင်ခဲ့​သလို၊​ လွတ်လပ်​ရေး​ရပြီး​ ဒုတိယလွတ်လပ်​ရေး​တိုက်ပွဲလို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ရည်ညွှန်း​တဲ့​ ဒီဘက်​ခေတ်မှာလည်း​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​အတွက် ဇွဲ​ကောင်း​ကောင်း​နဲ့​ ​ဆောင်ရွက်ခဲ့​နေကြသူ​တွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up