A d v e r t i s e m e n t With Us

တရားသူကြီးအမိန့်ဖြင့် မိတ္တီလာတွင် ဆိုင်ခန်းဖျက်ဆီး

မိတ္တီလာမြို့​က တရား​သူကြီး​ဟာ ​ဂွေး​တောက်ကုန်း​ ​ကျေး​ရွာ​ပေါက်မှာ စည်ပင်သာယာကို အခွန်​ဆောင်ပြီး​ အ​အေး​ဆိုင်ဖွင့်​ထား​တဲ့​ ဆိုင်ခန်း​ကို အမိန့်​ထုတ်ဖယ်ရှား​ပြီး​ ဖျက်ဆီး​ပစ်လိုက်ပါတယ်။ တပ်ရင်း​မှူး​ကို ​ရောင်း​ချဖို့​ဆိုပြီး​ အခုလ ၃ ရက်​နေ့​မှာ လာ​ရောက်ဖျက်ဆီး​သွား​တာလို့​ ဖျက်ဆီး​ခံရတဲ့​ ဆိုင်ရှင်ဘက်က မ​ကျေနပ်တဲ့​ ​ဒေသခံ ​ဒေါ်ခင်စိန်က ​ပြောပါတယ်။ “ဇွန်လ ၃ ရက်​နေ့​ ၁၁ နာရီအချိန်မှာ ဖြစ်ပါတယ်။ ရဲ ၇ ​ယောက် ပါပါတယ်၊​ တရား​ရုံး​က ၃ ​ယောက်ပါပါတယ်။ မြို့​ရွာ အုပ်ချုပ်​ရေး​မှူး​ ကို​ကျော်ဝင်း​ပါတယ်။ ပြီး​တော့​ ကို​မောင်​မောင် မသန်း​ဌေး​က သူတို့​ အလုပ်သမား​ ၆ ​ယောက် ပါပါတယ်။ တရား​သူကြီး​မ ဝါဝါ ရဲ့​ အမိန့်​ဆိုပြီး​တော့​ သူတို့​ ဖျက်ဆီး​သွား​တာပါ။ ပစ္စည်း​တွေ​တော့​ ဘာမှ ပြန်လုပ်လို့​ မရ​တော့​ဘူ​လေ ပျက်စီး​ကုန်တာ​ပေါ့​။ ၉၆၇ ​ဆောက်လုပ်​ရေး​တပ်က တပ်ရင်း​မှူး​ကို ​ရောင်း​လိုက်တာမို့​လို့​ပါတဲ့​။ တရပ်ရင်း​မှူး​ရဲ့​ အမိန့်​နဲ့​လို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ သူတို့​ နာမည်သုံး​တာပဲ ဖြစ်နိုင်တယ်။ မသန်း​ဌေး​နဲ့​ ကို​မောင်​မောင်က ချမ်း​သာတယ်​လေ။” မသန်း​ဌေး​နဲ့​ ကို​မောင်​မောင်တို့​ ဇနီး​မောင်နှံဟာ ဒီဆိုင်ခန်း​လေး​ ရလိုမှုနဲ့​ ဆိုင်ရှင်ဦး​ညိုတို့​နဲ့​ တရား​ရင်ဆိုင်ရာမှာ ရှုံး​နိမ့်​ခဲ့​သူဖြစ်ပါတယ်။ ဖျက်ဆီး​ခံခဲ့​ရတဲ့​ ​ခြောက်​ပေရှစ်​ပေ ပတ်လည်ရှိတဲ့​ ဒီဆိုင်ခန်း​လေး​မှာ ဦး​ညိုတို့​ သား​အဖ သုံး​ဦး​ ​ဈေး​ရောင်း​စား​နေတာဖြစ်ပြီး​ မိတ္ထီလာတရား​ရုံး​ရောက် အမှုရင်ဆိုင်ရာမှာ ဦး​ညိုတို့​ကို အနိုင်​ပေး​ခဲ့​ပါတယ်။ အခုအခါ ဆိုင်ခန်း​ကို ဖျက်ဆီး​ပြီး​ ပစ္စည်း​တွေကို လမ်း​ဘေး​မှာ ပုံထား​တယ်လို့​ ဆိုပါတယ်။ တရား​သူကြီး​ရဲ့​ ဒီ​ဆောင်ရွက်ချက်နဲ့​ပတ်သက်လို့​ ဦး​ညိုတို့​ဘက်က​နေ မခံမရပ်ဖြစ်တဲ့​ ​ဒေသခံ ​ဒေါ်ခင်စိန်က အခုလို ​ပြောပါတယ်။ “ဒီမိတ္ထီလာမှာ တရား​သူကြီး​မ​တွေကလည်း​ သူတို့​က ဘယ်လို​ခေါ်မလဲဆို​တော့​ တရား​ရုံး​မဟုတ်​တော့​ဘူး​၊​ တရား​ရုံး​နဲ့​ မတူ​တော့​ဘူး​ ​လေလံရုံး​ကြီး​ ဖြစ်​နေတာ။ မိတ္ထီလာမှာက တရား​ရုံး​က ​ငွေ​ပေး​ရင် အကုန်လုပ်တာ။ အမှုမှန်​ပေမယ့်​ တရား​ခံ အစစ်အမှန်ကို ​ငွေ​ပေး​ရင် အကုန်လွှတ်ပစ်တာ။ အဲဒီ​တော့​ တရား​ရုံး​ရဲ့​ အမိန့်​နဲ့​ လွှတ်ပါတယ်တဲ့​ အာဏာပိုင် အဖွဲ့​အစည်း​ မပါဘူး​ ဒီတပတ်က။” ဒီဆိုင်ခန်း​လေး​ဟာ ကာလ​ပေါက်​ဈေး​အား​ဖြင့်​ ခုနှစ်သိန်း​ဝန်း​ကျင်​လောက် တန်​နေတာဖြစ်ပြီး​ အခု ဖယ်​ပေး​လိုက်ရတဲ့​ ဦး​ ညိုတို့​ သား​အဖသုံး​ဦး​ဟာ ဆိုင်ခန်း​နေရာ လက်မဲ့​ဖြစ်ပြီး​ လမ်း​လေး​တ​နေရာမှာ ကွမ်း​ယာဆိုင်​လေး​ ဖွင့်​လှစ်​နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up