Home
မြန်မာသတင်း
စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးချုပ်သန်းထွန်း မုံရွာထောင်မှ ပြန်လွတ်
DVB
·
July 30, 2015
ယခင်စစ်အစိုးရလက်ထက်က ထောင်ဒဏ် ၉၆ နှစ် ချမှတ်ခံထားရတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးချုပ် သန်းထွန်း မုံရွာအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွတ်လာပါတယ်။ ၁၁ နှစ်ကြာ ထောင်တွင်းနေထိုင်ခဲ့ပြီးနောက် ဇူလိုင် ၃၀ ရက် မနက် ၁၀ နာရီခွဲအချိန်က မုံရွာအကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ သူလွတ်မြောက်လာတာဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ(၁)အရ လွတ်မြောက်လာတာလို့ မုံရွာအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းတဦးက ဆိုပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းသာခွင့်နဲ့ မုံရွာအကျဉ်းထောင်က ဒီကနေ့ ပြန်လည်လွတ်မြောက်လာသူ အမျိုးသား ၆၀ ဦး၊ အမျိုးသမီး ၉ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနဲ့ တရားမ၀င် ခိုးဝင်လာသူ ၂ ဦးတို့ ပါဝင်တယ်လို့ အကျဉ်းထောင်ရဲ့ လွတ်ငြိမ်းထောင်လွတ် မှတ်တမ်းများအရ သိရပါတယ်။ လွတ်မြောက်လာသူ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတဦးသာပါဝင်ပြီး ကျန် အကျဉ်းသားတွေကတော့ အခြားရာဇ၀တ်မှုတွေနဲ့ အကျဉ်းကျခံနေရသူတွေလို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ = ကိုတိုးကြီး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024