မုန်တိုင်းကြောင့် ရန်ကုန်-စစ်တွေ လေကြောင်းခရီးစဉ်များ ဖျက်သိမ်း
DVB
·
July 30, 2015
ရခိုင်ပြည်နယ်မှာ မိုးသက်လေပြင်းတွေကျပြီး ရာသီဥတုမကောင်းတဲ့အတွက် ရန်ကုန်က နေ စစ်တွေကိုပြေးဆွဲမယ့် အဲမန္တလေးလေကြောင်းလိုင်းနဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း တို့က ခရီးစဉ်တွေကို ဖျက်သိမ်းကြောင်းကြေညာပါတယ်။
ရန်ကုန်ကနေ စစ်တွေကိုပြေးဆွဲမယ့် အဲမန္တလေး လေကြောင်းလိုင်း ခရီးစဉ်အမှတ် XY-ALD၊ မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးစဉ်အမှတ် XY-AJN နဲ့ ခရီးစဉ်အမှတ် XY-AIA စတဲ့ ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရတယ်လို့ ရန်ကုန်လေကြောင်းရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ဖော်ပြပါတယ်။
“ကိုမန်”လို့ အမည်ပေးထားတဲ့ လိမ္မောရောင်အဆင့်ရှိ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာ နိုင်ငံ၊ မောင်တောမြို့ရဲ့ အနောက်မြောက်ဘက် (၁၀၅) မိုင်ခန့်နှင့် စစ်တွေမြို့ရဲ့ အနောက်မြောက် ဘက် မိုင်(၁၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုတိုက်ခတ်နေတာပါ။