A d v e r t i s e m e n t With Us

အမျိုးအစားအလိုက် စာပေကင်းလွတ်ခွင့် အာမခံငွေဖြင့် စတင်ခွင့်ပြု

ပြန်ကြား​ရေး​ဝန်ကြီး​ဌာနရဲ့​ လက်​အောက်မှာရှိတဲ့​ စာ​ပေစိစစ်နှင့်​ မှတ်ပုံတင်ဌာနက တင်း​တင်း​ကျပ်ကျပ် ထိန်း​ချုပ်ထား​တဲ့​ စာ​ပေစိစစ်မူဝါဒ​တွေက​နေ အမျိုး​အစား​တွေအလိုက် စာ​ပေကင်း​လွတ်ခွင့်​တွေကို ဒီလ ၁၀ ရက်​နေ့​က​နေ စတင် ခွင့်​ပြုလိုက်ပြီလို့​ သိရပါတယ်။ ဒီလိုခွင့်​ပြုတဲ့​အခါမှာလည်း​ ပြစ်မှုတစုံတရာ ကျူး​လွန်တဲ့​အချိန်က​နေ စတင်ပြီး​ အာမခံ​ငွေတင်ပြကြရမှာ ဖြစ်ပါတယ်။ အုပ်စု (၁) နဲ့​ အုပ်စု (၂) လို့​ စာ​ပေစိစစ်​ရေး​က ခွဲခြား​သတ်မှတ်ထား​တဲ့​ စာနယ်ဇင်း​အမျိုး​အစား​တွေထဲက အုပ်စု (၁) ထဲက အနုပညာ၊​ သုတရသ၊​ အား​ကစား​၊​ ကျန်း​မာ​ရေး​၊​ က​လေး​၊​ ဂမ္ဘီရ၊​ နည်း​ပညာအမျိုး​အစား​ဂျာနယ်​တွေ၊​ မဂ္ဂဇင်း​တွေနဲ့​ စာ​စောင် စာ​ပေစိစစ်​ရေး​တင်စရာ မလို​တော့​ဘဲ ပုံနှိပ် ထုတ်​ဝေ ခွင့်​ ရရှိလာကြတာဖြစ်ပါတယ်။ ဒီက​နေ့​ ရန်ကုန်မြို့​၊​ သိမ်ဖြူလမ်း​က ပုံနှိပ်​ရေး​နှင့်​ စာအုပ်ထုတ်​ဝေ ​ရေး​လုပ်ငန်း​ရုံး​ချုပ် အစည်း​အ​ဝေး​ခန်း​မမှာ ပြုလုပ်တဲ့​ “စိစစ်​ရေး​မူဝါများ​ ​ပြောင်း​လဲကျင့်​သုံး​မယ့်​ အစီအစဉ်နဲ့​ ပတ်သက်ပြီး​ လိုက်နာ​ဆောင်ရွက်ရမယ့်​ လုပ်ငန်း​စဉ်​တွေကို ရှင်း​လင်း​ပြောကြား​မယ့်​ ညှိနှိုင်း​အစည်း​အ​ဝေး​” မှာ တရား​ဝင် ထုတ်ပြန်​ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​ မြန်မာနိုင်ငံစာ​ပေနှင့်​ စာနယ်ဇင်း​အဖွဲ့​ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ဖြစ်တဲ့​ ဦး​ကိုကို (စက်မှုတက္ကသိုလ်) က အခုလို ​ပြောပြပါတယ်။   “အုပ်စုတစ်ပါ ဂျာနယ်မဂ္ဂဇင်း​များ​နဲ့​ အ​ထွေ​ထွေ စာ​ပေ​တွေကို လာမယ့်​ဇွန်လ ၁၀ ရက်​နေ့​ ​သောကြာ​နေ့​မှာ စတင်ပြီး​တော့​ မူသစ်နဲ့​ စာ​ပေစိစစ်​ရေး​ကို စာမူများ​ ကြိုတင်စရာမလိုဘဲ တိုက်ရိုက် တည်း​ဖြတ်ပုံနှိပ်ထုတ်​ဝေခွင့်​ ပြုလိုက်ပြီဆိုတာကို သူတို့​ကြေညာတာပါ။ အုပ်စုတစ်ပါတဲ့​ ဂျာနယ်၊​ မဂ္ဂဇင်း​ အ​ထွေ​ထွေ စာမူ​တွေက​တော့​ အနုပညာ၊​ ကျန်း​မာ​ရေး​၊​ က​လေး​၊​ နည်း​ပညာ၊​ အား​ကစား​ကဏ္ဍများ​နဲ့​ အကျုံး​ဝင်တဲ့​ စာမူ​တွေပါတယ်။ ထို့​အပြင် ပုံပြင်စာမူ​တွေပါတယ်။ ရုပ်ပြစာမူ​တွေပါတယ်။ ထီ​ပေါက်စဉ်​တွေပါတယ်။ အခုကျ​နော်တို့​ ​ပြောတဲ့​ဟာ​တွေအား​လုံး​ ဇွန်လ ၁၀ ရက်​နေ့​က​နေစပြီး​တော့​ စာ​ပေစိစစ်​ရေး​နဲ့​ မှတ်ပုံတင်ဌာနကို တင်စရာမလိုဘဲနဲ့​ ထုတ်​ဝေခွင့်​ရသွား​ပါတယ်။” ဒီလို စိစစ်​ရေး​ကင်း​လွတ်ခွင့်​ထဲမှာ​တော့​ လက်ရှိထုတ်​ဝေ​နေတဲ့​ ဂျာနယ်​တွေထဲက ၈၂ ​စောင်နဲ့​ မဂ္ဂဇင်း​ ၉၆ ​စောင်ပါဝင်လာမှာဖြစ်ပါတယ်။ ဒီ ဂျာနယ်၊​ မဂ္ဂဇင်း​၊​ စာ​စောင်နဲ့​ အ​ထွေ​ထွေစာမူ​တွေအ​နေနဲ့​ စာ​ပေစိစစ်​ရေး​ တင်ပြစရာမလိုဘဲ ထုတ်​ဝေခွင့်​ရရှိကြမယ်ဆို​ပေမယ့်​လည်း​ ပြစ်မှုတစုံတရာကို စတင်ကျုး​လွန်တဲ့​ အချိန်က​နေ စတင်ပြီး​ အာမခံ​ငွေအဖြစ် ကျပ်​ငွေ သိန်း​ ၅၀ ဆီ တင်ကြရမယ်ဆိုတဲ့​ သတ်မှတ်ချက်​တွေလည်း​ ပါဝင်​နေပါတယ်။ ဒီအ​ကြောင်း​ကိုလည်း​ ဦး​ကိုကို (စက်မှုတက္ကသိုလ်) က အခုလို​ပြောပါတယ်။ “လွတ်လပ်စွာထုတ်​ဝေခွင့်​ရတဲ့​ဟာ​တွေက အကယ်၍များ​ တစုံတခု တိုင်တန်း​မှု မရှိမချင်း​ ကြိုက်တာထုတ် ပြဿနာမလုပ်ဘူး​။ တိုင်တန်း​မှု​တွေများ​ ရှိလာမယ်ဆိုရင် ဒီတိုင်တန်း​မှု​ကြောင့်​ ဆုံး​ဖြတ်ပြီး​တော့​ သူဟာအာမခံ​ငွေတင်ရန် လိုအပ်ပြီလို့​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက​နေ ဆုံး​ဖြတ်တဲ့​အခါကျရင် အဲဒီလူက အာမခံ​ငွေသိန်း​(၅၀)တင်ရမယ်။ ​နောက်ဒုတိယအကြိမ် ထပ်မံကျူး​လွန်တဲ့​ အချိန်ကျမှ အဲဒီ သိန်း​(၅၀)ထဲက ထပ်မံဆုံး​ဖြတ်ပြီး​တော့​ အာမခံ​ငွေထဲက ဘယ်​လောက် နုတ်ယူသင့်​တယ်ဆိုတာကို ဆုံး​ဖြတ်ပြီး​တော့​ နှုတ်ယူမှာဖြစ်ပါတယ်။ ပထမတကြိမ် တိုင်တန်း​ရုံနဲ့​တင် မဟုတ်ဘူး​။ တိုင်တန်း​ပြီး​လို့​ အဖွဲ့​က​နေ အာမခံ​ငွေ တင်ရန်လိုအပ်တယ်လို့​ ဆုံး​ဖြတ်တဲ့​အချိန်မှာ အာမခံ​ငွေ သိန်း​ ၅၀ တင်ရမယ်လို့​ ​ပြောပါတယ်။” ဒါအပြင် စာ​ပေစိစစ်​ရေး​ ကင်း​ခွင့်​ရမယ့်​ စာနယ်ဇင်း​တွေအ​နေနဲ့​ လိုက်နာရမယ့်​ စည်ကမ်း​သက်မှတ်ချက် (၁၂) ချက်ကိုလည်း​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနလက်​အောက်ရှိ ပုံနိုပ်သူများ​၊​ ထုတ်​ဝေသူများ​ မှတ်ပုံတင်နဲ့​ စာ​ပေစိစစ်နှင့်​ ဖြန့်​ချိ​ရေး​ဌာနက ထုတ်ပြန်ထား​ပြန်ပါတယ်။ ဒီစည်း​ကမ်း​သတ်မှတ်ချက်​တွေထဲမှာ​တော့​ ဒို့​တာဝန် အ​ရေး​သုံး​ပါး​ကို ဆန့်​ကျင်ထိပါး​ရေး​သား​ခြင်း​မပြုရ၊​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​ အဲ့​ဒီဥပ​ဒေပါ ပြဌာန်း​ချက်​တွေကို ဆန့်​ကျင်​ရေး​သား​ခြင်း​မပြုရ၊​ မြန်နိုင်ငံအစိုး​ရရဲ့​ လျှို့​ဝှက်ဥပ​ဒေ​တွေနဲ့​ အကျွမ်း​ဝင်တဲ့​ နိုင်ငံ​တော်လျှို့​ဝှက်ချက် ​တွေကို ထုတ်​ဖော်​ရေး​သား​ခြင်း​မပြုရ စတာ​တွေနဲ့​အတူ ဘာသာ​ရေး​၊​ ယဉ်​ကျေး​မှု၊​ ထုံး​တမ်း​စဉ်လာ​တွေ၊​ ရိုး​ရာယဉ်း​ကျေး​မှု​တွေနဲ့​ပတ်သက်ပြီး​ လိုက်နာရမယ့်​ အချက်​တွေလည်း​ ပါဝင်ထား​ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up