ဘားအံ ရေကြီး၊ ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်

ကရင်ပြည်နယ် ဘားအံမြို့မှာ မိုးသည်းထန်စွာရွာပြီး သံလွင်မြင့်ရေ တက်နေမှုကြောင့် မြို့ပေါ်က အမှတ် ၂ နဲ့ အမှတ် ၅ ရပ်ကွက်တွေမှာ ဇူလိုင် ၂၉ ရက်နေ့ကတည်းက ရေ၀င်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ လက်ရှိမှာတော့ ရေဘေးကြုံတွေ့နေရသူတွေအတွက် ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ပေးထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ဘားအံမြို့မှာ နှစ်စဉ်အခုလို အချိန်မြို့မှာ သံလွင်မြစ်ရေတက်ပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ရေ၀င်လေ့ရှိပါတယ်။ ဓာတ်ပုံ - Kokozaw hpaan  

More News
Up